Part 8

236 8 1
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (8)

ဒေါ်မြတ်နုသွေး ကြောင်တောင်တောင် မျက်လုံးတွေ နဲ့ သူမ နဲ့ ယဥ် ကို ကြည့် နေသည့် သား ဖြစ်သူ ကို ကြည့်လိုက်မိသည်။အနည်းငယ် ပိန် ကျ ကာ ပါးသွယ် နားသွယ် များ ကျ နေပြီး အရင်လို သန့်ပြန့် ကျော့မော့ စွာ ရှိမနေ ခြင်း ကလွဲ ပြီး လူ ကောင်း တစ်ယောက်လို ပြန်တွေ့ ရသည့် အတွက် တော့ ရင်ထဲ မှ အပူ များ ငြိမ်ကျ သွား ရသည်။

"သတင်းစာ ထဲ က ကြော်ငြာ ဖြတ်ပိုင်း လေး တွေ့လို့ဗျ၊ ကားaccident ဖြစ်ပြီး ဆေးရုံ ရောက်ထဲ က ဘာဆို ဘာမှ မေး မရ တော့လို့ ကျွန်တော်က ဆေးရုံဝန်း ထဲ မှာ ခေါ် ပေး ထားတာ"

"ကျေးဇူး ပါ ဆရာကြီး ရယ်၊ ဒါ ကျွန်မ သား ပါ"

"ဟုတ်ကဲ့ ၊ သူ့ ပုံ တွေ့ ထဲ က ကျွန်တော် တို့လည်း ဘေး က နေ သူ့ အစား ဝမ်းသာ နေကြတာ ပါ"

"ဟုတ်ကဲ့...ဘယ်လို များ ဖြစ်ပြီး.."

"တိုက်လိုက်မိတဲ့ လူ တွေ အပြော အရ တော့ သူက တောင်ကြားလမ်း က တယိမ်းတယိုင်ထွက်လာပြီး မြို့ရှောင်လမ်း ပေါ် တက်လာတယ်၊ ပြီးတော့ ကား တား တယ် တဲ့ဗျ၊ ဟိုဘက်ကား ကလည်း ည လည်း ဖြစ် သတိလည်း မမူ မိ လိုက်တော့ တား တဲ့ သူ ကို တိုက်ချ လိုက်တာ နေမယ်ဗျ"

"3လ လောက် က သတိ လစ် နေတာ ဗျ၊ သတိရလာတော့လည်း မှတ်ညဏ်တွေ ပျောက်ပြီး ဘာမေးမေး မသိ တော့ တာ နဲ့ ...."

"ဖြစ်မှ ဖြစ်ရလေ ငါ့ သား ရယ်"

ဒေါ်မြတ်နုသွေး သားအဖြစ် ကို ကြည့် ကာ ရင်နာနာ နှင့်သာ စုတ်တသတ်သတ် ဖြစ်နေရသည်။

ဘုရား ကယ်လို့သာ သားလေး မသေ တာ။

ထိုသို့ ဖြင့် မြို့ငယ်ကလေး က ရာဇသွေး ကို စောက်ရှောက်ထား ပေး သည့် မြို့နယ် ဆရာဝန် ဆိုသူ ကို ငွေကြေး အချို့ ကန်တော့ ၊ ကျေးဇူး တင်စကား ပြောကာ ရာဇသွေး ကို ပြန်ခေါ် ခဲ့ ရသည်။

အရင် က မာကျောကျော ကြွတ်ဆတ်ဆတ် နှင့် ပြတ်သား တက်သည့် သားတော် မောင် မှာ အခုတော့ ဟိုလူ့ကို တလှည့်ကြည့်လိုက် ဒီလူ့ကို တစ်လှည့်ကြည့်လိုက် နှင့် ကြောင်အအကလေးကား နောက် ခန်း မှာ ငြိမ်သက်စွာ ပါလာခဲ့သည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now