Part 7

195 5 1
                                    

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့်
အပိုင်း (7)

လေ တစ်ချက် အဝေ့ မှာ ဏီ တစ်ယောက် အသည်း တွေ လှစ်ခနဲ အေး သွား သည်။ မောင့် ကို မျက်စိ ရှေ့ မှာ တွင် ဆုံးရှုံး ခဲ့ရသော အဖြစ်၊ ထို့ထက်ပို စွာ ဏီ ကြောင့်၊ ဏီ အတွက်နှင့် မောင် သေဆုံး သွား ရသော အဖြစ် မှာ ဏီ တစ်ယောက် ဘယ်လို အား နဲ့ မှ ခံနိုင်ရည် မရှိခဲ့ပါ။

အဲဒိ တုံး က လည်း ဏီ ပါ လိုက်ခုန်ချ ပစ်ဖို့ လုပ် သည် ကို ပင် အနား ရောက်လာသည့် လူ များ က အတင်း ဆွဲ ထား ကြတာ မို့ ဏီ မောင့် နောက် လိုက် လို သည့် ရည်ရွယ်ချက် မှာ မအောင်မြင်။

နောက်ဆုံး ထိုနေရာ မှာ ပင် ဝမ်းနည်း စို့နစ် ရလွန်းစွာ မရှူနိုင် မကယ်နိုင် ပြည့်နက် တင်းကျင်း လာ သည့် ခံစားချက် ပေါင်းစုံ နှင့် သတိလစ် မေ့မြော သွားသည့် ဏီ ကို ဒယ်ဒီ လူ များ က ဆေးရုံ ဆီ ခေါ် လာကြသည်။

ဖြစ်ဖြစ်ချင်း တော့ ဏီ တစ်ယောက် မောင် မရှိတော့ ဘူး ဆိုတာ ကို ဘယ်လို မှ လက်မခံ နိုင်ခဲ့ပါ၊ ဏီ ရော မောင် ရော ထို နေရာ ကနေ ပြုတ်ကျ ခဲ့ သေးတာဘဲ၊ နှစ်ယောက်လုံး အသက်ရှင် ခဲ့ သေး တာ ဘဲ။ထိုစိတ်ကလေး ကို အားကိုးကာ ဏီ တစ်တောလုံး ကို ဒယ်ဒီအား ရှာ စေခဲ့သည်။

နောက်ဆုံး ပုဝါ အပိုင်းအစ လေး နဲ့ ယောကျ်ား အလောင်း တစ်ခု တွေ့ ရတယ် ဆို တဲ့ သတင်းစကား နဲ့ အတူ တစ်ပိုင်းတစ်စပြတ် နေတဲ့ ပုဝါ လေး ကို အမြင်မှာ ဏီ တစ်ယောက် ခံစားနိုင်သည့် အသိ စိတ်တွေ ပင် လွှတ် ထွက်သွားခဲ့ရသည်။

စကားလည်း မပြော၊ ရှင်လျက် သေ နေ တဲ့ လူတစ်ယောက်လို ငူငူငိုင်ငိုင် နှင့် ဘာဆို ဘာ မှ ခံစား နိုင်ချင်း တုံ့ပြန်နိုင်သည့် အသိစိတ်ပင် မရှိတော့ဘဲ စိတ်လွတ် နေသည်မှာ 2လ ခန့် ပင် ကြာ ခဲ့ သည်ဟု ဆို သည်။

ဏီ အသိ စိတ် ပြန်ဝင်လာ တော့ ဆေးရုံ ကုတင် ပေါ် မှာ ရောက်နေခဲ့သည်။ ဏီ အသက်မရှင်ချင်တော့ပါ၊ ချစ်ရသူ ကို ဏီ ပယောဂ မကင်း စွာ ဆုံးရှုံး ခဲ့ရသည့် အသိ မှာ ဏီ တစ်ယောက် ဘယ်တရား နှင့်မှ မဖြေဆည် နိုင်ဘဲ ရှိခဲ့သည်။နောက်ဆုံး ရှင်သန်ခြင်း ကိုပင် အဆုံးသတ် ဖို့ အထိ ကြိုးစားခဲ့ သည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now