Part 4

270 17 1
                                    

တစ်ခါတစ်ရံတော့ အချစ်သည် ထိုသို့ဖြင့်
အပိုင်း (4)

"မင်း...နိုးပြီလား"

လှဲ နေရာ မှ ထလိုက်ရင်း သူ့ ကို လွင့်လွင့်လေး ပြုံး ကာ ခေါင်းညိတ် ပြလိုက်လျှင် သူက ဏီ အပြုံး ကို တွေခနဲ တစ်ချက် ငေးကြည့် ပြီး သူ့ ဘာသာ ယောင်နန နဲ့ ခေါင်းညိတ်ကာ သိမ်းစရာ ရှိတာ တွေ ကို ကောက်သိမ်းနေလေသည်။

ဏီ က လှဲ နေရာ မှ ထထိုင်လိုက်ပြီးဖင်ကပ်သာ ကျန်တဲ့ ရေသန့်ဗူးထဲ က ရေ နဲ့ ပလုပ် ကျင်း လိုက် သည်။ထို့နောက် လည်သာဂျာကင် အမဲရောင် ကို ဝတ်လိုက်ပြီး မာမီ ပုဝါ ကလေး ကို လည်ပင်းမှာ ချည်နှောင်လိုက်သည်။

"နေအရမ်း မပူ ခင် သွား ရအောင်၊ မင်း ခြေထောက် က ...ထောက်ကြည့်ပါဦး၊ လမ်းကောင်းကောင်း လျှောက်နိုင်လား"

သူ ပြောသလို ခြေထောက်ထောက်လိုက်သည်နှင့် ခြေကျင်းဝတ်ဆီမှ နာကျင် အောက်မျက် သည့် ဝေဒနာ ကို အရင်ခံစားရသည်။ ဖြစ်ခါစ ကလို အရမ်း မနာတော့သော်လည်း လမ်းလျှောက်ဖို့ ကကျတော့လည်း အရမ်း အဆင်မပြေ စူးအောင့် နေ သည်။စိမ်းဖန့်ဖန့် အရွက် တွေ နှင့် ပတ်ပတ်လည် စီးနှောင်ထားသည့် ဒဏ်ရာ ကို တစ်ချက် ကြည့် ပြီး နောက် သူ့ ကို အံ့သြော စွာ ငေးကြည့်မိသည်။

သူကလည်း ဏီ အကြည့်ကို သိပုံဖြင့် ရှက်တက်တက် ပြုံးသည်။ထို ပုံစံ ကလေး ကြောင့်ပင် ဏီ မှာ သူ့ကို တိတ်တခိုးလေး အချစ်ပိုရသည်။ကြည့်ပါဦး... ဘယ်လောက် များ နွေးထွေးတက်တဲ့ အမျိုးသားလေး လဲ။

"ဆိုင် မဆိုင်တော့ ကျွန်တော်လည်း သေချာ မသိပါဘူး၊မင်းများ...သက်သာ မလားလို့ "

"ရှင့်ကို ဏီ ကျေးဇူးတင်ပါတယ်"

"ထားပါကွာ၊ အဲလောက် ကြီးကျယ် တဲ့ ကိစ္စ မဟုတ်ပါဘူး... ကဲ...ရော့ ဒီ လွယ်အိတ် ကို မင်း လွယ် ပေး နိုင်မလား"

ချက်ခြင်း ဆိုသလို ဏီ ဘာပြန် ပြော ရမှန်း မသိဘဲ စိတ် ညစ်သွား ရသည်။ ကိုယ့် ခြေထောက် ဒဏ်ရာ နဲ့ ကိုယ် တောင် တုတ် ကို အားပြု ပြီး မနဲ လျှောက် ရ မဲ့ အခြေအနေ မှာ camp ထည့် ထား သည့် သူ့ လွယ်အိတ် ကြီး ကို လွယ်ခိုင်း နေ တာ ကြောင့် ဏီ စိတ်ထဲ စိတ်မကောင်း သလို ဖြင့် ဝမ်းနည်း သွားမိသည်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now