Part 34

3.8K 267 59
                                    

"ဒယ်ဒီ!!! အခြေအနေရော...."

ရှိုင်း ကိုကြီးလပြည့်နဲ့အတူ သတင်းကြားကြားချင်း ဆေးရုံကို အမြန်လိုက်လာခဲ့ရတာ။
ဆေးရုံရှေ့ရောက်တော့လည်း စိတ်ပူလွန်းလို့ ‌ဖနောင့်နဲ့ကျောနဲ့တသားထဲနေအောင် ပြေးလာကြတာ။ ခုတော့ ဒယ်ဒီ့ဆီက အဆင်ပြေတယ်ဆိုတဲ့ စကားသံကိုပဲ မျှော်နေမိတယ်......

"မင်းအကိုက...."

"အောက်တန်းစားကောင်!!!!နင်မလား ငါ့ယောကျာ်းကိုသတ်တာ!!!!"

"ဟေး!....ငါ့သားကိုမထိနဲ့!...."

ရှိုင်း ဒယ်ဒီ့‌ဆီက အဖြေကိုနားထောင်နေတုန်း ‌ဒေါ်ယမင်းခင်ဆိုတဲ့ အန်တီကြီးက ရုတ်တရက် ကိုယ့်ကိုလာရိုက်နှက်တာကြောင့်  ဒယ်ဒီက ဝင်တားနေရတယ်။ ခုဘာတွေဖြစ်နေတာလဲဆိုတာ ရှိုင်းရော ကိုကြီးလပြည့်ရော နားမလည်တော့ဘူး။ သူတို့ထွက်သွားတဲ့ ခနလေးမှာ ဘယ်လောက်ထိကြီးတဲ့ကိစ္စတွေဖြစ်သွားတာလဲ.....

"ကျွန်မကိုလာမတားနဲ့ ကိုသူရိန်...‌သူပဲနေမှာ ရက်စက်လိုက်တာဟယ်...အဲ့တာနင့်အဖေအရွယ်လောက်ရှိတယ်ဟဲ့! ခုတော့ ငါလည်းမုဆိုးမဖြစ်ပြီ ကျန်ခဲ့တဲ့ကလေးတွေလည်း အဖမဲ့ဖြစ်ပြီ!!!အီးဟီး!!!!..."

"ဒီမှာ ယမင်းခင်! မင်းပူပန်သောကရောက်နေတယ်ဆိုတာကို ငါနားလည်တယ်။ အဲ့တာနဲ့ပဲ ငါ့သားကို လူသတ်သမားလို့ လာစွတ်စွဲစရာအကြောင်း ဘာ‌အကြောင်းမှမရှိဘူး။ ငါ့သားကို ငါယုံတယ်...အကယ်၍ မင်းဘက်ကမရပ်ပဲ ခုလိုတွေ ဆက်ပြောနေမယ်ဆိုရင်တော့ ငါကလည်း အ‌သရေဖျက်မှုနဲ့တရားစွဲရလိမ့်မယ်...."

ဦးသူရိန် ခုအခြေအနေကအများကြီး ရှုပ်ထွေးနေတယ်ဆိုတာကို သိပေမယ့် ကိုယ့်သားတွေကိုတော့ ခုချိန်မှာ သေချာကာကွယ်မှဖြစ်မယ်။ နည်းနည်းလေးလွဲသွားတာနဲ့ ပြဿနာအကြီးကြီးတက်သွားနိုင်တယ်....

"အောင်မလေးတော်! ရှင်တို့ကပဲ....."

"‌သေဆုံးသူ ဦးအောင်မျိုးနိုင်ရဲ့အမျိုးသမီးက ဘယ်သူလဲခင်မျ...."

"ကျွန်မပါရှင် ကျွန်မပါ!!!!"

"ဟုတ်ကဲ့ သေဆုံးသူရဲ့bodyကို ဘယ်လိုစီစဉ်မလဲဆိုတာ ဆွေးနွေးပေးဖို့ ခနလိုက်ခဲ့ပေးပါ....."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now