Part 33

3.4K 248 164
                                    

"ဟာကွာ!!!!"

အောင်မျိုးနိုင်ခုနက ကိစ္စကိုလုံးဝမကျေနပ်နိုင်သေးဘူး။ ကိုယ်မွေးရင်တောင် ကိုယ့်သားအရွယ်လောက်လေးက ကိုယ့်မျက်နှာကိုလက်သီးနဲ့ထိုးရတယ်လို့။

"အောင်မျိုးနိုင်ဆိုတဲ့ ငါ့ရဲ့ ရာဇဝင်ရိုင်းလိုက်တာ.....တောက်!"

အောင်မျိုးနိုင် ဒေါသကိုဆက်မထိန်းနိုင်တော့တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်ဖို့
မ မသိအောင် သူအမြဲဖွက်ထားတဲ့ ဆေးလိပ်ဘူးလေးကို ဗီရိုဖွင့်ကာ သေချာစီထားတဲ့သူ့အင်္ကျီတွေအောက်ကထုတ်လိုက်တယ်။ သူဘူးကိုဖွင့်ကြည့်လိုက်တဲ့အချိန် ဘူးထဲမှာ ဆေးလိပ်နှစ်လိပ်ပဲကျန်တော့တာကြောင့် စိတ်ထဲမှာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ ‌

"ဟာ! ကျစ်! တစ်ခါတည်းပါ။ နောက်တစ်ခါ ယောင်လို့တောင်မထိဘူး...."

အောင်မျိုးနိုင် ထိုဆေးလိပ်ဘူးလေးကို မထိတော့ဖူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီနေ့ကိစ္စမှာ ဟိုရှိုင်းဆိုတဲ့ကောင်ကို ဒေါသထွက်လွန်းလို့ ဒီဆေးလိပ်ကို ပြန်ထိမိပြန်ပြီ....

အောင်မျိုးနိုင် ဆေးလိပ်တစ်လိပ်ကိုယူကာ ကျန်နေတဲ့တစ်လိပ်ရှိနေသေးတဲ့ဘူးကို အရင်အဝတ်အစားတွေရဲ့အောက်ကိုပဲ ပြန်ထည့်ထားလိုက်တယ်။ အားလုံးအစဉ်တကျဖြစ်ပြီဆိုတာနဲ့ သူ့လက်ထဲက ဆေးလိပ်‌ကို မီးညှိပြီး စတင်ရှူသွင်းလိုက်တယ်။ သူဒီမီးခိုးငွေ့တွေကို သိပ်ကိုတန်ဖိုးထားတယ်။ ဒီ‌ဆေးလိပ်ထဲမှာ ပါနေတဲ့အမှုန်လေးတွေက သူ့အတွက်နိဗ္ဗာန်ဘုံပဲ.....

အောင်မျိုးနိုင် ထိုဆေးလိပ်ကို ဒေါသပြေအောင် ရှူသွင်းလိုက်တာဆိုပေမယ့်
မထင်မှတ်ထားပဲ ဒေါသကပိုပိုထွက်လာပြီး အသိစိတ်ပျောက်လာတဲ့ထိကို မွှန်ထူသွားတယ်....

"ငါ့ကို....ငါ့ကို အဲ့လိုမလောက်လေးမလောက်စားကများ....
အား!!!မင်းသေပြီသာမှတ်...မင်းလုပ်ရပ်အတွက်နောင်တ‌ရစေရမယ်.....

အောင်မျိုးနိုင် သူ့စိတ်ကိုသူလုံးဝမထိန်းနိုင်တော့ပဲ သူ့အခန်းထဲကထွက်ကာ အခြားအခန်းဆီကို ဒေါသတကြီးသွားလိုက်တယ်။ သူသွားချင်တဲ့ အခန်းရှေ့ကိုရောက်တဲ့အချိန်မှာတော့ သူ့နှုတ်က စကားတစ်ခွန်းကိုတီးတိုးရေရွတ်လိုက်တယ်......

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now