Part 30

3.4K 225 72
                                    

"ဒါလေးက နေသစ်လား အန်တီ့ကိုမှတ်မိလားသား...."

"မမှတ်မိဘူး ခင်မျ..."

"မောင်...."

‌မောင့်ရဲ့ အဖြေကြောင့် မျက်နှာပျက်သွားတဲ့ အန်တီကြီးကိုကြည့်ပြီး Rue အရမ်းအားနာတာပဲ။ မောင်ကလေ ဒီအရွယ်ပဲရောက်နေပြီကို အခုထိစကားအပြောအဆိုကမတက်သေးဘူး.....

"ရပါတယ်...ဒါနဲ့ မင်းကသူ့ရဲ့အမျိုးသားလား...."

"ဟုတ်ပါတယ်ခင်မျ...ကျွန်တော့်နာမည် Rue ပါခင်မျ...."

"ဟမ်! အင်္ဂလိပ်နာမည်လား...."

"ဟုတ်ပါတယ်ခင်မျ...."

မာမီ့အမျိုးဆိုတဲ့မိန်းမကြီးမေးသမျှကို တစ်ခွန်းမကျန်ပြန်ဖြေနေတဲ့ Rue ကိုကြည့်ပြီး နေသစ် သိပ်သဘောမကျပေမယ့် သူ့ဟာသူပြော‌လို့အဆင်ပြေနေတာဆိုတော့လည်း ဝင်မတားပဲ လွှတ်ထားလိုက်တယ်။ ထမင်းစားရမယ့်အရေး ဒယ်ဒီတို့ရော ထိပ်တန်းတို့ရှိုင်းတို့ကပါ မလာကြသေးတော့ ထမင်းစားပွဲမှာထိုင်ပြီး ဒီအဖွားကြီးရဲ့ စကားကိုနားထောင်ရတော့မှာပေါ့လေ။.....

"အော် ဒါနဲ့ မင်းကဘာလို့ဖြူစွပ်နေတာလဲဟင်....မသိရင်သွေးမရှိတဲ့ပုံစံနဲ့....."

"ဟို ကျွန်တော်က မွေးကတည်းက Albino ဖြစ်နေတာပါခင်မျ။ အဲ့တာကြောင့် ကျွန်တော့်ရဲ့ အသားအရည်က အရောင်မရှိသလိုဖြူနေတာပါ...."

မျက်နှာပျက်သွားတဲ့Rue ကိုကြည့်ပြီး နေသစ်ဒေါသထွက်‌လာပေမယ့် ကိုယ့်အဒေါ်ဆိုတဲ့အ‌တွေးကြောင့် သည်းခံထားလိုက်တယ်။ ဒီ့ထက်လွန်လာလို့ကတော့ ကိုယ့်ပါးစပ်နဲ့တွေ့ပြီသာမှတ်တော့....

"ညီလေးက အသက်ဘယ်နှစ်နှစ်ရှိနေပြီလဲ..."

"ကျွန်တော်က လေးဆယ်တောင်ကျော်နေပြီခင်မျ...."

အောင်မျိုးနိုင် သူ့အရှေ့ကကောင်လေးကို ကြည့်ပြီးအသည်းယားနေမိတယ်။ တကယ်ကိုနုဖတ်နေတာပဲ။ ဘေးကအဖွားကြီးနဲ့ကွာပ။ ဒီကောင်လေးသာ သူ့ကုတင်ပေါ်ရောက်လာလို့ကတော့.....

omega တွေ့တိုင်း ကုတင်ပေါ်ဆွဲတင်ချင်စိတ်ပဲ ပေါ်နေကြမို့ ဒီကောင်လေးကိုလည်း ကိုယ့်စိတ်ထဲမှာကုတင်ပေါ်ကပုံစံတွေနဲ့ပုံဖော်ကြည့်မိနေပြီ။သူရုန်းနေမယ့် ပုံစံမျိုးဆို.....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now