အပိုင်း(42)

1.2K 115 5
                                    

မိုရာချော်လဲ ပြီးတဲ့နေ့ထဲကသခင်ကမိုရာ့ကိုအပြင်ကိုမထွက်ခိုင်းတော့ပေ။တကယ်လို့ထွက်ရင်လဲသူပါမှသာထွက်ခိုင်းသည်။သားကိုလဲ မိုရာ့အနားမှာ ပဲခေါ်ထားစေသည်။အရာရာအဆင်ပြေနေပေမဲ့မပြေတာကမိုရာ့စိတ်ပင်။မိုရာရဲ့ခန္ဓာကိုယ်တစ်နေရာမှာလစ်ဟာနေသလိုခံစားချက်ကြီးဖြစ်နေသည်။


သခင် ကတော့ဘာမှမဖြစ်ဘူးပြောပေမဲ့ မိုရာစိတ်ထဲတစ်ခုခုဆုံးရှုံးသွားသလိုခံစားတေရသည်။ကီကီ့ကိုမေးတော့လဲ သခင်​ပြောသလိုပဲ ပြန်ပြောသည်။မိုရာလဲတွေးလို့မရပေ။.သားကိုမွေးတုန်းကဒဏ်ရာကိုထိခိုက်မိလို့သွေးထွက်ရင်လဲ အများကြီး ​​ေတာ့ဖြစ်မည်မထင်။မိုရာလဲဘာမှမတွေးပဲ ပုခတ်ထဲမှာအိပ်နေတဲ့သားရဲ့အနားကိုသာသွားထိုင်ရင်းအိပ်နေတဲ့ပုံလေးကိုပဲကြည့်နေလိုက်သည်။


သားက မိုရာ့အတွက် တော့ အနှိုင်းမဲ့ပင်။ပထမဆုံးကလေးလဲ ဖြစ်သလို မိူရာအရမ်းလိုချင်တဲ့သားလေးလဲ ဖြစ်နေတာမို့လို့ပင်။ပြီးတော့သားက သခင်နဲ့ချွတ်စွတ်ကိုတူနေတာဖြစ်သည်။


''သခင်မ...နေ့လည်စာစားချိန်ရောက်နေပါပြီ ပြင်ထားပါတယ်အဆင်သင့်စားရုံပါပဲ''


''အွန်းး...ကီကီငါ့ကိုတစ်ခုလောက်ပြောပြစမ်းပါငါတကယ်သိချင်နေလို့''


''ဘာများလဲသခင်မ''


''ငါချော်လဲတုန်းကလေ.. သွေးတွေဆင်းတာမှတ်မိတယ်မလား''


''ဟုတ်..ဟုတ်ကဲ့ မှတ်မိပါတယ် ဘာဖြစ်လို့လဲ ''


''အာ့လိုသွေးဆင်းတာ တကယ်ပဲသားကိုမွေးတုန်းကဒဏ်ရာထိခိုက်မိလို့လားတစ်ခြားတစ်ခုခုကြောင့်မဖြစ်နိုင်ဘူးလား''


''မ...မဟုတ်ပါဘူး သခင်မရဲ့ဆေးဆရာကိုယ်တိုင်ကိုက သခင်မရဲ့ဒဏ်ရာဟောင်းကိုပြင်းပြင်းထန်ထန်ခိုက်မိသွားလို့အခုလိုသွေးတွေအများကြီးထွက်တာလို့ပြောသွားတာပါ''



''ဟုတ်လို့လား....''


''ဟုတ်.... ဟုတ်ပါတယ် သခင်မရဲ့အာ့နေ့ကသခင်မလဲကျတဲ့အရှိန်ကသိပ်ပြင်းတယ်လေ ''


ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now