အပိုင်း(12)

2.3K 142 4
                                    

လက်ဆက်ခြင်း အခမ်းအနားပြီးတော့ အကြီးအကဲတွေနဲ့ စုပေါင်းပြီး စားသောက်ပွဲ ကျင်းပ ရသည်။ နာရာကတော့ နေသိပ်မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့လက်ဆက်ပွဲ ပြီးထဲက ပြန်သွားတာဖြစ်သည်။ အန်ဒရူးကတော့ အခုထိ ထိုင်နေပေမဲ့ မျက်နှာက သိပ်မကောင်းပေ။

"သခင်နဲ့သခင်မ ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ယောက်တစ်ခွက်စီ သောက်ပါ့မယ်''

အကြီးအကဲ ထဲက တစ်ယောက်က သူ့ရဲ့ ဝိုင်ခွက်ကို ကိုင် ​မြှောက်ပြီးပြောတော့ အကုန်လုံး က ဝိုင်ခွက်ကိုယ်စီကိုင်ပြီး တစ်ပြိုင်နက်ထဲ သောက်ကြသည်။ သခင်နဲ့သခင်မ ကျန်းမာပါစေလို့လဲ ရွတ်ကြသည်။

" သခင်က သိပ်ကို ကံကောင်းပါတယ် ခုလို နတ်ဘုရား ရွေးချယ်ပေးတဲ့ သူကိုရရှိတဲ့အတွက်''

"ဟုတ်တယ် ကျွန်တော် တို့အားလူံးအတွက် နတ်ဘုရားကပေးတဲ့ ဆုလာဘ်ပဲ''

ခါရူးကတော့ အကြီးအကဲတွေပြောသမျှကို ဘာတစ်ခုမှ ပြန်မပြောပဲ အပြုံးနဲ့သာ တုံ့ပြန်သည်။ မိုရာကတော့ ဝိုင်သိပ်မသောက်နိုင်တဲ့အတွက် ဂုဏ်ပြုတာကိုအသိအမှတ်ပြုတဲ့အနေနဲ့တစ်ခွက်သာ သောက်ထားသည်။

"အကုန်လုံးအတွက်ပြင်ထားတာလေး တစ်ခုရှိပါတယ် စိတ်တိုင်းကျမယ်လိူ့လဲ မျှော်လင့်ပါတယ် ''

အကုန်လုံး ပွဲကျနေတဲ့အချိန် မိုရာက ထိုသို့ပြောလိုက်တော့ အကုန်လုံး ရဲ့ အာရုံက မိုရာ့ဆီပြန်ရောက်လာသည်။.ထိုအချိန်ဘီဘီ ဦးဆောင်ပြီးတော့ အစေခံကောင်လေးတွေနဲ့ ​​ကောင်မလေးတွေက ဝိုင်ပုလင်းနဲ့အသားကင်ဗန်းတွေကို သယ်လာကြသည်။စားသောက်ပွဲ ကျင်းပတယ် ဆိုပေမဲ့လဲ ဘာမှ မစားရသေးပဲ သောက်နေကြတာဆိူတော့ အခုမှ စားဖို့ယူလာတာ ဖြစ်သည်။အသားကင် ဗန်းကို အလည်မှာ ထားပြီးတော့ ဝိုင်ကတော့ တစ်ယောက် တစ်ပုလင်းနှုန်းနဲ့ ရှေ့မှာ ချပေးလိုက်သည်။

"သိပ်တန်ဖိုးမကြီးပေမဲ့ ကိုယ်တိုင်လုပ်ထားတာလေးပါ.သုံးဆောင်ကြပါဦး''

မိုရာကပြောပြီးတော့ ခါရူးအတွက်အသားကင်ပြင်ပေးလိုက်သည်။အကြီးအကဲတွေအတွက်ကတော့ အစေခံ ကောင်မလေးတွေက ပြင်ပေးကြသည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Место, где живут истории. Откройте их для себя