အပိုင်း(38)

1.2K 121 1
                                    

''သားရေ...သားသားလေးရေ''

''အဲ့..အဲ့''


''အို..သားက. မားမားကိုစကားပြောနေတာလားဟုတ်လား''



''အဲ့...''



''ဒီညတော့..တို့သားအဖပဲအိပ်ရမယ်ထင်တယ်သားရဲ့ မင်းရဲ့ဖခင်ကမရှိဘူး''


''အော...ခစ်...''


''သားကဘာနားလည်လို့ရီနေတာတုန်းဟင်''

သားကခုထိမအိပ်သေးတာမိူ့  မိုရာသားနဲ့စကားပြောနေတာဖြစ်သည်။သာကးအခုဆိူသုံးလကျော်လို့လေးလပြည့်ခါနီးပြီဖြစ်သည်။နို့လဲကောင်းကောင်းစိူ့တဲ့အပြင် ခါရူးကသူ့သားကိုနို့မဝမှာစိုးရိမ်လို့ဆိုပြီးနွားနို့ကိုပါအမြဲတိုက်တာကြောင့်သားကအခုဆိုလုံးပြီးတစ်တုတ်နေတာမို့မိုရာတောင်မနည်းချီယူရသည်အထိ။


ခါရူးကတော့မရှိပေ။အင်း...သားငယ်သေးလို့မိုရာ့ရဲ့ကျန်းမာရေးကြောင့်ဆိုပြီးအကြောင်းအမျိူးမျိုးပြထား ကာလက်ဆက်ပွဲကိုရွှေ့နေခဲ့ပေမဲ့ကြာလာတော့ဟိုဖက်ကလူတွေကသိပ်မကြိုက်ချင်တော့ပေ။ထိူ့ကြောင့်သားသုံးလပြည့်တာနဲ့လက်ဆက်ပွဲကျင်းပမယ်လို့ကတိပေးလိုက်ရသည်။


ဒီနေ့ကတော့ခါရူးနဲ့အစ္စလီရဲ့လက်ဆက်ပွဲနေ့ပင်။မိုရာမခံစားရဘူးလားမေးရင် ခံစားရသည်။နှလုံးသားကိုအပ်နဲ့ထိုးနေသလိုတဆစ်ဆစ်နဲ့ကိုနာကျင်သည်။ဒါပေမဲ့လဲကိုယ််လက်ဆက်ထားတဲ့သူကမျိုးနွယ်စုရဲ့ခေါင်းဆောင်အကြီးအကဲတစ်ယောက်လေမျိုးနွယ်နဲ့ပက်သက်တဲ့ကိစ္စမှန်သမျှကိုခါရူးရဲ့ပုခုံးပေါ်မှာထမ်းထားရတာကြောင့် မိုရာအနေနဲ့အခုကိစ္စကိုနားလည်လက်ခံပေးထားရတာဖြစ်သည်။ရင်ထဲမှာနာကျင်နေပေမဲ့ဟန်ဆောင်ပြုံးပြနေရတဲ့ဒုက္ခကလဲမသေးပေ။



လက်ဆက်ပွဲကိုတော့မိုရာခနတက်ပေမဲ့သားကငယ်သေးတာကြောင့်ကြာကြာမနေပဲခနသာနေပြီးပြန်လာခဲ့လိုက်တာဖြစ်သည်။အီရန့်ကိုလဲ ချန်ပြောပြပြီးနောက်ရက်မှာပဲခေါ်တွေ့ကာအကျိုးအကြောင်းရှင်းပြပြီး ဖြေရှင်းရမဲ့နည်းလမ်းကိုလဲတစ်ခါထဲပြောပြလိုက်သည်။ခက်ခဲပေမဲ့လဲ သူ့ရဲ့အချစ်အတွက်တိုက်ခိုက်ရမှာမလား။အခုလက်ဆက်ပွဲ ပြီးရင်မျိုးနွယ်စုရဲ့ခေါင်းဆောင်ကပြန်မှာဆိူတော့အီရန်ပါတစ်ခါထဲ ပြန်လိုက်သွားရမှာပင်မပြန်ခင်လေ နှုတ်ဆက်စကားပြောချင်သေးတဲ့အပြင်အမေ့ကိုလဲ လက်ဆောင်လေးတွေထည့်ပေးချင်သေးသည်။


ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now