Part 1

998 22 2
                                    

တစ်ခါတစ်ရံတော့ အချစ်သည် ထိုသို့ဖြင့်...
အပိုင်း (၁)

တောင်တက်လမ်း အတိုင်း စီးနင်းလာသော စက်ဘီး လေး သည် ပြင်းထန်သော အရှိန်ဖြင့် ဘီး တစ်ဘီး စာ လှိမ့် ရုံ ကျဥ်းမြောင်း လှသောမြေနီ အကွေ့အကောက် လမ်းကလေး ပေါ် နိမ့် လိုက် မြင့်လိုက်နှင့် ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှား နေသည်။

တောင်ပေါ် မှာ ပြိုင်ဘီး စီး ရသော အကျင့် ကို သူမ မိခင်ဆီ က ရရှိ ခဲ့ ခြင်း လည်း ဖြစ်သည်။
ဒီလို ပင်လယ် နဲ့ တောင် နှစ်မျိုး လုံး ခံစား နိုင်သည့် နေရာ ကလေး ကို အလုပ်ကြောင့် pressure တွေ များ သည့်အချိန်တိုင်း သူမ ရောက်လာ နေကြ။

လတ်ဆတ်သည် လေ ပြေ အေး နဲ့ အတူ စိမ်းစို သည့် သဘာဝ တရား ကို သူမ ချစ် သည်။ထို ငြိမ်းအေးမှု ထဲ တွင် ပြေလွှားနေရသည့် စိန်ခေါ် ခြင်း မျိုး ကို သူမ အင်မတန် နှစ်ခြိုက် သည်။ထိုထက် ပိုသည်မှာ မာမီ နှင့် အတူ လုပ်ခဲ့ သည့် အမှတ်တရ မို့ မာမီ နဲ့ အတူ ရှိနေသလို ပင် ခံစားရသည့် အတွက် နွေးထွေးသည်။အလွမ်းပြေသည်။ထိုခံစားချက်ကြောင့်ပင် နှစ်တိုင်း မပြတ် သူမ လာဖြစ်နေခဲ့သည်။

သူမ မိခင် ရှိစဥ် အခါ က တစ်ခု ထဲ သော အလွမ်း ပြေ ကျန်ခဲ့သည့် ပုဝါ ကလေး ကို လည်ပင်း မှာ ပတ်ထား လျက် မိခင် နဲ့ အတူ အမှတ်တရ လုပ်ဖူးခဲ့သည့် ဤ ပြိုင်ဘီး စီးချင်းအလေ့ကို သူမ က မာမီ့နှစ်ပတ်လည်တိုင်း သတိတရ လုပ်နေကြမို့ ဒီနှစ်လည်း လုပ်ဖြစ်ခဲ့သည်။

မာမီ့ ကို လွမ်းဆွတ် သတိရစွာ ချွေးတဒီးဒီး ကျ အောင် စက်ဘီး ကို အရှိန်ဖြင့် နင်း နေ စဥ် မှာ ပင် လမ်း ကို ဖြတ်တက် လာ သည့် ရိပ်ခနဲ လူရိပ် ကြောင့် ဘရိတ် ကို အမိအရ အုပ်လိုက်ပေမဲ့ အလျှင် မမှီ တော့ သူမ ရဲ့ စက်ဘီး က သူ့ကို ဖြတ်တိုက်ကာ စက်ဘီး ရော လူ တွေ ရော တလိမ့်ခေါက်ကွေး ဖြင့် တောင် ကမ်းပါး ယံ ဆီ လိမ့်ကျ သွားတော့သည်။

"ဟာ..."

"အား..."

နှစ်ယောက် လုံးထွေးပြီး တလိမ့်ခေါက်ကွေး ကျ သွားစဥ် ထိုလူ က သူမ ကို လက်တစ်ဖက် က ဖက်ထားပြီး သတိကြီးစွာ ကျန်လက်တစ်ဖက် ဖြင့် သစ်ငုတ်တစ်ခု ကို ဆွဲ ထား တာ ကြောင့် သူမ နဲ့ သူ ကျန်ခဲ့ပြီး စက်ဘီးကသာ တလိမ့်ခေါက်ကွေး နှင့် တောင်ကမ်ပါး ယံ မှ ချောက်ထဲသို့ ထိုးကျ သွား တော့တယ်။

တစ်ခါတစ်ရံတော့အချစ်သည်ထိုသို့ဖြင့် Where stories live. Discover now