Part 22

6.1K 550 104
                                    

(Uni)

ယနေ့မှာတော့ သပြေညိုရပ်ကွက်ကြီးထဲတွင် ဟိုးလေးတကျော်ကျော် သတင်းဦးသတင်းထူးဖြင့် လူတော်တော်များများကို ဆွံ့အသွားစေနိုင်သူလေးတစ်ယောက် ပေါ်ထွက်လာခဲ့ပါသည်။ တစ်ရပ်ကွက်လုံးရဲ့ အပယ်ခံဖြစ်သလို လူတကာရဲ့ နှာခေါင်းရှုံ့ခံရသူလေးက စက္ကန့်မလပ်ပွင့်ချင်နေတဲ့ ပါးစပ်ပေါက်တိုင်းကို ပိတ်ပစ်လိုက်နိုင်သည်ဆိုလည်း မမှားချေ။

" အစ်မရေ! ကြားပြီးပြီလား..။ အဲ့ကလေးလေးက တစ်နိုင်ငံလုံးမှာ သင်္ချာအမှတ်အများဆုံး ရတာတဲ့ "

" အေး ကောင်မရေ.. စောနကတင် သတင်းစာထဲကနေတွေ့လိုက်ပါ့‌အေ။ ငါ့မှာမယုံလို့ နှစ်ခေါက်ပြန်ကြည့်ယူရတယ်။ မှန်တာပြောရရင် အဲ့လောက်တော်မယ်လို့တောင် မထင်ထားဘူး "

" ဟုတ်ပါ့..။ ဒီလိုကျတော့လည်း ကလေးလေးက အရည်အချင်းတော့ ရှိသားပဲနော် "

" အွန်.. ညည်းကလဲ။ အရည်အချင်းရှိဆို အသက်ကိုလည်း ကြည့်ဦးလေအေ။ သူများတွေ ၁၅.. ၁၆နဲ့ ဆယ်တန်းဝင်ဖြေနေချိန်မှာ သူ့အသက်က ၁၈နှစ်ရှိနေပြီဟဲ့ "

" အို! ဒီလိုသာ ပြောရကြေးဆို.. ကျူရှင်တောင်မတက်နိုင်တဲ့ ကလေးတစ်ယောက်က အမှတ်အများဆုံးရအောင် ဖြေနိုင်ခဲ့တာလေ အစ်မရဲ့..။ အဲ့ဒါကလည်း သင်္ချာတဲ့နော်.. သင်လေချာလေ သင်္ချာ "

" ဟမ့်! နင့်ဘာနင် သင်္ချာမကလို့ ဘာဂျာဖြစ်ဦးတော့..။ ဒေါ်စည်တို့က အထင်မကြီးတာ ပလာတာပဲ.. ထွီ! "

မဲ့ကာရွဲ့ကာပြောဆိုရင်းက ကွမ်းတံတွေးလှမ်းထွေးနေတဲ့ ဒေါ်စည်ကိုကြည့်ပြီး ဒေါ်မြတစ်ယောက် ပြောမနိုင်စွာဖြင့် နှုတ်ခမ်းခိုးမဲ့နေရပါတော့သည်။

ကွမ်းယာဆိုင်ပိုင်ရှင် ဒေါ်စည်အနေနဲ့ မနာလိုမရှုဆိတ် ဖြစ်နေတာလည်း မပြောလေနှင့်..။ တော်လှပါချည်ရဲ့ဆိုပြီး ရပ်တကာ ပတ်ကြွားမိထားတဲ့ သားဖြစ်သူကိုယ်တိုင်ကျ ဂုဏ်ထူးတစ်ခုတောင်မှ ပါမလာခဲ့ဘူးကိုး။

ပြောပြီးကာမှပဲ ကျိန်းသေပေါက်ကျမယ် ထင်ထားကြသူလေးက နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြသွားလေတော့..၊ တစ်ရပ်ကွက်လုံးရှိ ကလေးအမေတိုင်းမှာ မျက်နှာတစ်ပတ် ဖြတ်ရိုက်ခံလိုက်ရသလိုနှယ် စပ်ဖျဥ်းဖျဥ်းတွေ ဖြစ်ကုန်ကြရလေသည်။

ငပြူးငလူးWhere stories live. Discover now