Part7 (U)

13.4K 1.3K 275
                                    



"ကျစ်! နာလိုက်တာ"

လက်ကောက်ဝတ်ကနီရဲနေသည့်ပွန်းပဲ့ရာတစ်ချို့ကိုဆေးလိမ်းရင်း ညာ မကျေမနပ်ရေရွတ်မိသည်။

မနေ့ကဖြစ်ပျက်ခဲ့သည့်ကိစ္စကိုပြန်တွေးတိုင်း ဒေါသဖြစ်လွန်းလို့ နေမရထိုင်မရဖြစ်သည်အထိ။ တံတိုင်းမဟာမြတ်ဆိုတဲ့အဲ့ဒီလူ ဒီလောက်သွေးအေးပြီး အကျင့်ယုတ်တတ်လိမ့်မယ်လို့ မထင်ထားခဲ့မိတာအမှန်။

အဲ့ဒီနေ့က သူ့ကိုလုပ်ချင်တိုင်းလုပ်သွားခဲ့ပြီး ထိုအတိုင်းပင်ထားခဲ့တာကြောင့် အခန်းထဲမှာအတော်လေးကြာအောင်နေခဲ့လိုက်ရသည်။ သူ့ရဲ့ကိုယ်ပိုင်နားနေခန်းဖြစ်တာကြောင့် နိုင်းမှလွဲပြီး တော်ရုံဘယ်သူမှမလာသည်မို့ ဒီလောက်ကြာသွားတာဖြစ်သည်။

နိုင်းပြန်ရောက်လာလို့သာ လွှတ်မြှောက်ခဲ့ရပေမဲ့ နိုင်းရဲ့အရှေ့မှာမျက်နှာတောင်မပြဝံ့တဲ့အထိ ရှက်စရာကောင်းတဲ့အခြေအနေတွေဖြစ်ခဲ့ရသည်။ နိုင်းကတော့ သူ့ကိုနားလည်ပေးပြီးအပြည့်အဝနှစ်သိမ့်ပေးခဲ့သည်။ 

အဲ့ဒီလူကသာ သူ့ဘက်ကိုနည်းနည်းလေးတောင်ထည့်မစဥ်းစားပေးပဲ ယုတ်မာချင်သလိုယုတ်မာခဲ့တာဖြစ်သည်။
လူအများရှိသည့်Public areaဆေးခန်းတွေကိုမခေါ်မိပဲ သူ့အတွက်ကိုတွေးပေးပြီး သီးသန့်ခန်းကို ခေါ်ပေးမိလိုက်တာကိုက အမှားကြီးမှားသွားခဲ့တာဖြစ်သည်။

စေတနာထားလို့မရသလို စကားအကောင်းနဲ့လည်းမထိုက်တန်တဲ့လူ။ ဘာကိုမှဂရုမစိုက်ပဲသူလုပ်ချင်တာကိုလုပ်သည်။ ရိုင်းချင်တိုင်းရိုင်းသည်။ ဘယ်သူနဲ့တူလို့ဒီလောက်ထိရိုင်းစိုင်းပြီး အကျင့်ယုတ်နေသလဲတော့မသိပေ။

"ဒေါက်! ဒေါက်!"

အပြင်ကတံခါးခေါက်သံကြောင့် ညာ အတွေးတွေကိုရပ်လိုက်သည်။ ထို့နောက် အင်္ကျီလက်ကိုလက်ကောက်ဝတ်တွေဖုံးသည်အထိဆွဲချလိုက်ပြီး တံခါးဆီလျှောက်သွားလိုက်သည်။

"ဒယ်ဒီ"

"သား အဆင်ပြေရဲ့လား လက်က"

"ပြေပါတယ် ဒယ်ဒီ ဘာမှမဖြစ်ပါဘူး"

"တခြားလူတွေကိုပဲဂရုတစိုက်ရှိတဲ့ ဒယ်ဒီ့သားဒေါက်တာလေး ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ပါဦး"

Difference Between Us [ Ongoing..]Where stories live. Discover now