Part4 (U)

14.4K 1.6K 319
                                    

"ဒေါက်တာ နားလိုက်ပါဦး မနက်ကတည်းက လူနာတွေကိုRoundနေတာ ပင်ပန်းနေရောပေါ့"

နက်စ်မလေးပြောမှ ညာ နာရီကိုကြည့်မိလိုက်သည်။ နေ့လည်၁၂နာရီကိုညွှန်ပြနေသည့်နာရီလက်တံ​ကိုတွေ့မှ နေ့လည်စာ စားချိန်ရောက်နေမှန်းသိရသည်။ အလုပ်ထဲကိုစိတ်ရောက်သည်နှင့် တခြားဘာကိုမှ သတိမရသည်အထိ ဝါသနာနှင့်အလုပ်ထပ်တူကျသည်မို့ သူ့အတွက်ပင်ပန်းတယ်ဆိုတာလည်းမရှိပေ။

မြန်မာပြည်ကိုပြန်ရောက်ပြီး တစ်ပတ်တောင်ကြာခဲ့ပြီဖြစ်တာကြောင့် နားသင့်သလောက်လည်းနားခဲ့ပြီးပြီမို့ ခွင့်ရသည့်ရက်ထက်ကိုစော၍ ဆေးရုံ၌တာဝန်ထမ်းဆောင်နေခဲ့ပြီဖြစ်သည်။

ထို့နောက် ညာ လုပ်နေသည့် အလုပ်တွေကိုရပ်နားရင်း နေ့လည်စာစားဖို့ပြင်လိုက်သည်။ အပြင်မှာလည်း သွားမစားချင်တော့တာကြောင့် အိမ်ကထည့်လာသည့် ထမင်းဘူးလေးကိုပဲထုတ်လိုက်သည်။

"ဒေါက်! ဒေါက်!"

"ဝင်ခဲ့ပါ"

"ညာ"

"ဟင် နိုင်း"

ရုတ်တရက် တံခါးဝကနေဝင်လာသည့်လူကိုမြင်လိုက်ရတာကြောင့် ညာ နှုတ်ခမ်းလေးတွေကွေးညွှတ်သွားခဲ့သည်။
ချက်ချင်းထရပ်လိုက်ပြီး အခန်းထဲဝင်လာသည့်သူအား ဝမ်းသာအားရကြိုဆိုမိသည်။

"ပြန်လာဖို့က ရက်အနည်းငယ်လောက်ကြာဦးမယ်ဆို အခုကစောစောရောက်လာတာပဲ"

"ညာ Surpriseဖြစ်သွားအောင်ပါ"

နိုင်းကပြောရင်း သူ့လက်ထဲကပန်းစည်းလေးကိုကမ်းပေးလာသည်။

"တကယ့်ကိုSurpriseပါပဲ နှိုင်း ပြန်လာတာကြိုဆိုပါတယ် ပန်းစည်းလေးအတွက်လည်းကျေးဇူးပါ"

"ဒါဆို နိုင်းတို့ အရင်ဆုံးနေ့လည်စာသွားရင်းနဲ့စကားပြောကြတာပေါ့"

"ဟုတ်ပြီ နိုင်း"

သိပ်မကြာခင်မှာပဲ နိုင်းနဲ့အတူ နေ့လည်စာစားရန်အတွက် ဆေးရုံဝန်းထဲကနေထွက်လာခဲ့ရင်း အနီးနားက ဆိုင်တစ်ဆိုင်ကိုပဲဝင်ခဲ့လိုက်ကြသည်။

နိုင်းကတော့ ညာကြိုက်သည့်Menuတွေကိုဂရုတစိုက်မှာပေးနေသည်။ နိုင်းနဲ့သူက နိုင်ငံခြားနှစ်ပေါင်းများစွာအတူတူရှိခဲ့ကြသည်မို့ ကိုယ့်အကြိုက် သူ့အကြိုက်အားလုံးကိုသိနေကြသည်မှာတော့မဆန်းပေ။ ထို့အပြင် ငယ်စဥ်ကလေးဘဝကတည်းကပင် အတူတူကြီးပြင်းလာကြသည့်အတွက် သံယောဇဥ်တွေက ပိုပြီးခိုင်မြဲနေကြတာဖြစ်သည်။

Difference Between Us [ Ongoing..]Where stories live. Discover now