Part6 (U)

14.5K 1.4K 278
                                    



"ဒါဆို သဘက်ခါ ဇာတ်ကားစရိုက်ပါမယ် ဒီကားကိုအရမ်းမျှော်လင့်ထားတာမို့ အားလုံးပဲကြိုးစားပေးကြပါဦး"

Director၏ စကားသံအဆုံး၌ Meetingကအဆုံးသတ်သွားခဲ့သည်။ တံတိုင်းက ခုံမှာပင်ခြေချိတ်ထိုင်လျက် အေးဆေးစွာပင်ဖုန်းကိုကြည့်နေခဲ့သည်။

ခေါင်းစွပ်ပါသည့် မီးခိုးရောင်Hoodieခပ်ပွပွကို Pantနှင့်ရိုးရှင်းစွာဝတ်ဆင်ထားသည့်တံတိုင်းက ဘာအပြင်အဆင်မှရှိမနေ။ ဆီမလိမ်းထားသည့်ဆံပင်နက်နက်တွေက နဖူးဘေးတစ်ဖက်တစ်ချက်၌ ကျဆင်းနေ၏။

Make upမလိမ်းခြယ်ထားသည့် သဘာဝဆန်ဆန်မျက်နှာလေးက ချောမွေ့ကြည်လင်နေပြီး အပြစ်အနာအဆာရယ်လို့မရှိ။
စကားပြောရုံနှင့်ပေါ်လာတတ်သည့်ပါးပေါ်ကပါးချိုင့်ထင်းထင်းလေးနှင့် မေးရိုးချွန်ချွန်မျက်နှာအနေအထားကြောင့် Mantly ဆန်သည့်Typeထပ် လူငယ်ဆန်သည့်Typeဘက်ကို ပိုရောက်သည်။

ခုံနောက်မှီကိုမှီထိုင်လျက် အေးဆေးစွာရှိနေသည့်တံတိုင်းက အခန်းထဲကလူတွေထွက်သွားသည့်တိုင် တစ်ချက်မှလှည့်မကြည့်။ အကြောင်းသိသည့်ရုပ်ရှင်အဖွဲ့သားတွေကတော့ ဝတ္တရားအရနှုတ်ဆက်ပြီးအခန်းထဲနေ အလျှိုအလျှိုထွက်သွားကြသည်။ Managerဖြစ်သူကသာ တံတိုင်းကိုယ်စားနှုတ်ဆက်ရင်း အခြေအနေကတော့ပုံမှန်အတိုင်းရှိနေခဲ့သည်။

"တံတိုင်း"

နာမည်ကိုခေါ်သံကြားတော့ တံတိုင်းမော့ကြည့်လိုက်သည်။ မျက်လုံးလှန်ကြည့်လိုက်ပြီး စကားတော့တစ်ခွန်းမှတုံ့ပြန်မလာ။
တံတိုင်းက ဘာလဲဆိုသည့်အကြည့်နှင့်မေးဆတ်ပြလိုက်သည်။

ထိုသူက ဘယ်လောက်ပဲ ပုရိသတွေကြားထဲရေပန်းစားသည့်နိုင်ငံကျော်မင်းသမီးဖြစ်လင့်ကစား တံတိုင်းကတော့ ပုံမှန်အတိုင်းပင်ဆက်ဆံသည်။

နောက်တစ်ပတ်အတွင်းစတင်ရိုက်ကူးတော့မဲ့ ရုပ်ရှင်ထဲမှာ ထိုမိန်းကလေးက ဒုတိယအမျိုးသမီးဇာတ်ကောင်အနေနဲ့ပါဝင်ထားတာဖြစ်သည်။

"တံတိုင်း နင်က အရမ်းရက်စက်တာပဲ မနေ့ကဖုန်းဆက်တာလည်းမကိုင်ဘူး ဒီနေ့လည်းငါ့ကိုစကားကောင်းကောင်းပြန်မပြောသေးဘူး"

Difference Between Us [ Ongoing..]Where stories live. Discover now