Part5 (U)

14.6K 1.5K 309
                                    


"ကားကိုဘယ်လိုမောင်းနေတာလဲ တံတိုင်းမဟာမြတ်!"

"ပြောနေတာကြားလား မင်းဘယ်လိုဖြစ်နေတာလဲ! ကားကိုဖြည်းဖြည်းမောင်း"

သူဘာပြောပြော တစ်ခွန်းမှတုန့်ပြန်မလာပဲ ကားကိုသာ အရှိန်ပြင်းပြင်းမောင်းနေသည်။ သူတစ်ခွန်းပြောလိုက်တိုင်းကားကိုအရှိန်ပိုတင်သည်။

မထီမဲ့မြင်မျက်နှာဘေးနှင့် တစ်စက်ကလေးမှမချိုးမပြေသည့်ဒီလူကို အမြင်ကပ်မိသည်။ လူကိုလည်းသူ့သဘောနဲ့သူ အတင်းကားပေါ်ခေါ်တင်လာသေးသည်။ ရမ်းကားချင်တိုင်းရမ်းကားပြီး သူ မမှားသလိုအချိုးနဲ့ပြုမူနေတာဖြစ်သည်။

တံတိုင်းမဟာမြတ်ဆိုတဲ့လူက ဟိုအရင်အချိန်တွေတုန်းကလူမဟုတ်တော့သေချာသည်။ သူသိတဲ့ တံတိုင်းမဟာမြတ် ဆိုတာ ဒီလိူလူရမ်းကားမျိုးမဟုတ်ခဲ့ဘူး။ ဆယ်ကျော်သက်အရွယ် ငယ်စဥ်အချိန်တွေကလိုမျိုး နူးညံ့တဲ့အငွေ့အသက်တွေသူ့မှာမရှိတော့သလို အကြည်ဓာတ်ဆိုတာလည်း အဲ့လူမှာမရှိတော့ဘူး။

အမြဲတစေ မြင်နေရတဲ့ အဲ့ဒီမထီမဲ့မြင်မျက်နှာဘေးကြီးကိုအမြင်ကပ်သည်။ သူ့နှုတ်ခမ်းတွေပေါ်ကမဲ့ပြုံးကြီးကိုလည်းအမြင်ကပ်သည်။

"တံတိုင်းမဟာမြတ် ကားကိုဖြည်းဖြည်းမောင်းလို့ပြောနေတယ်"

"နားငြီးတယ် တိတ်တိတ်နေ ခင်ဗျားအသံမကြားချင်ဘူး"

ကြားလိုက်ရသည့်လေသံမာမာစကားကြောင့် ညာ လက်သီးကိုတင်းနေအောင်ဆုပ်မိသည်။ သူ့ပါးစပ်ကနေထွက်လာတဲ့ ခင်ဗျားဆိုတဲ့ အသုံးအနှုန်းကိုတကယ်မုန်းသည်။

စတွေ့ကတည်းက အဲ့ဒီအသုံးအနှုန်းကြီးနဲ့သူ့ကိုဆက်ဆံနေတာ တကယ်သဘောမကျဘူး။

"ငါမင်းထက်အငယ်မဟုတ်ဘူးနော် တံတိုင်းမဟာမြတ် ငါ့ကိုအမိန့်တွေလာမပေးနဲ့ ငါ့ကိုအမိန့်ပေးလို့ရတဲ့အထိ မင်းနဲ့ငါကြားမှာဘာပတ်သတ်မှုတွေရှိနေလို့လဲ"

ညာ သူ့ဆီကနေပြောလိုက်တော့ လှောင်ရယ်သံ ခပ်တိုးတိုးကိုကြားလိုက်ရသည်။

"ဒီကောင်ကကော ခင်ဗျားနဲ့သိပ်ကိုပတ်သတ်ချင်နေတယ်များ ထင်နေတာလား"

Difference Between Us [ Ongoing..]Where stories live. Discover now