နှစ်နှစ်ကျော် သုံးနှစ်နီးပါအလုပ်လုပ်ခဲ့တဲ့ဆိုင်လေးဆိုတော့ ခွဲခွါရတဲ့အချိန်မှာ Gem သံယောဇဉ်မဖြတ်နိုင်......
အပျံသင်စအရွယ်မှာ မိုးဒဏ်လေဒဏ်ကနေ အလုံခြုံဆုံးနားခိုခွင့်ရခဲ့တဲ့ အသိုက်အမြုံလေးဖြစ်တာကြောင့်မို့ အတောင်စုံလို့ရုန်းထွက်တော့မယ့်အချိန်မှာ မျက်ရည်ဟာဘယ်လိုမှထိန်းလို့မရ......
ဦးလေးနဲ့ ဒေါ်လေးကိုရော ဆိုင်ကအစ်ကိုအမတွေကိုရော နှုတ်ဆက်ကန်တော့တဲ့အချိန် လစ်ဟာဝမ်းနည်းရခြင်းဟာ နှစ်ဦးသားရင်ထဲတရစ်ရစ်တိုးဝင်သည်......
အကုန်လုံးက ဆုတွေဝိုင်းပေးကြတော့ Gem ရော Fourth ပါနီးစပ်ရာလူကိုဖက်ငိုမိတော့၏.....
မေတ္တာငတ်ခဲ့တဲ့ဘဝတွေမို့လို့ မေတ္တာစစ်စစ်ပေးခဲ့တဲ့လက်တွေကိုအလွယ်တကူမစွန့်ခွါနိုင်ပေ.......
"အားတာနဲ့လာလည်နော်
မင်းတို့နှစ်ယောက်အတွက်ဆို ဦးလေးတို့ဒေါ်လေးတို့ကအမြဲတမ်းတံခါးဖွင့်ထားတယ်
အကူညီလိုရင်လည်းအချိန်မရွေးပြော အားမနာနဲ့
အထူးသဖြင့် Gem Gem...သားတို့အသက်အရွယ်နဲ့ဆိုဒီလောက်အထိလုပ်နိုင်တာကိုကအရမ်းတော်လို့......
ဒါပေမယ့် ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်လူဆိုတာတစ်ခါတလေတော့ အားနည်းတတ်တာပဲသားရဲ့
အကူအညီလိုလာရင်တောင်းဖို့ဝန်မလေးပါနဲ့ တို့တွေကိုမင်းတို့ရဲ့မိသားစုတွေလိုသဘောထားပြီးပွင့်ပွင့်လင်းလင်းအကူညီတောင်းလို့ရပါတယ်
ငါ့သားလေးကတော့အထူးမှာစရာမလိုပါဘူး
မင့်အစ်ကိုကိုသာထိန်းပါ ဒီကောင်ကအင်မတန်စိတ်မြန်တဲ့ကောင် အထူးသဖြင့်မင်းနဲ့ပတ်သတ်လာရင်ပိုဆိုးတယ်""ဟုတ်ကဲ့ပါဦးလေး"
အူမချေးခါး အကုန်နားလည်နေတဲ့ဦးလေးက မျက်ရည်အဝဲသားနဲ့မှာတမ်းခြွေတော့ နှစ်ယောက်သား ခေါင်းငုံ့နာခံရသည်ပင်......
"ဒေါ်လေးကတော့ဘာမှမမှာတော့ပါဘူး
အားရင်သာလာလည်ကြပါ တို့တွေမယ်ကလေးအငယ်ကလည်းအနားမရှိတော့ မင်းတို့ကိုပဲကလေးလုပ်ချစ်နေရတာ
အစစအရာရာဂရုစိုက် တစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ပြီး အိုသည်အထိအတူတူရှိသွားကြ
ငါ့သားလေးတွေ စီးပွါးရေးလည်းအဆင်ပြေပါစေ ပညာရေးတွေလည်းထူးချွန်ကြပါစေအေ"
YOU ARE READING
အသက်ကို.....အသက်တမျှ (completed)
Fanfictionတစ်ယောက်ထွက်သက်ကိုတစ်ယောက်ရှူရှိုက်ရင်း တစ်ယောက်ဒဏ်ရာကိုတစ်ယောက်ကုစားပြီး ဒီနည်းအတိုင်းပဲတစ်သက်လုံးအတူရှင်သန်ကြမယ် ငါတို့တွေက နှစ်ယောက်ပေါင်းမှတစ်ဘဝမဟုတ်လားအသက်ရယ်......