4

395 59 2
                                    

ဆိုင်မှာတစ်ညအိပ်ပြီးနောက်နေ့ကျတော့ ဒေါ်လေးအကူအညီနဲ့အခန်းလေးတစ်ခန်းချက်ခြင်းပဲရှာလို့ရခဲ့‌သည်.......

Fourth ကိုဆိုင်ကလူတွေနဲ့ ရောရောနှောနှောမထားချင်တဲ့ Gem ဟာ အခန်းလေးကိုချက်ခြင်းငွေချေပြီး နေ့မကူးပဲအထုတ်တွေသယ်ကာရွေ့ပြောင်းတော့တာမို့ အူတိုတတ်လွန်းတဲ့ Gem ကိုကြည့်ပြီ တစ်ဆိုင်လုံးကသဘောကျလို့မဆုံးပေ......

နောက်ဆုံးတော့ ဦးလေးနဲ့ဒေါ်လေးအပြင် ဆိုင်ကအစ်ကိုတွေအစ်မတွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် Gem နဲ့ Fourth ရဲ့နှစ်ကိုယ်တူနိဗ္ဗာန်လေးဟာ ရေမီးအစုံနဲ့ သေသေသပ်သပ်လေးဖြစ်သွားလေတော့သည်......

အိမ်သစ်တက်ပွဲကိုတော့ Gem ကတစ်ဆိုင်လုံးကလူတွေကို ကွေ့သီယိုနဲ့ ထိုင်းလက်ဖက်ရည်အေးဧည့်ခံကျွေးမွေးခဲ့ပါသည်.......
မာနကြီးတဲ့ဆယ့်ခုနှစ်နှစ်သားလေးမို့ ဘယ်သူ့အကူညီကိုမှအလကားမယူတတ်မှန်းအကြောင်းသိပြီးဖြစ်နေကြတဲ့ဆိုင်ကလူတွေဟာ Gem ရဲ့ဧည့်ခံကျွေးမွေးမှုကိုဘယ်သူမှမငြင်းဆန်ခဲ့ကြပါ......

အားလုံးပြီးစီးလို့ ပြန်သွားကြချိန်မှာတော့ တိုက်ခန်းလေးထဲမှာ Gem နဲ့ Fourth နှစ်ယောက်ထဲသာကျန်ခဲ့လေတော့သည်.......

"Gem ငါရေချိုးတော့မယ်"

"အေး"

သဘက်လေးပုခုံးပေါ်တင်ပြီး ရေချိုးခန်းထဲဝင်သွားတဲ့ ကျောပြင်ဖွေးဖွေးကိုကြည့်ကာ Gem သဘောတကျပြုံးမိလေတော့သည်......

ဒီခံစားချက်က ကြင်စဦးဇနီးမောင်နှံစုံတွဲ နှစ်ဖက်ဆွေမျိုးအစုံနဲ့အိမ်သစ်တက်ပွဲကျင်းပသလို ခံစားချက်မျိုးလေး......

ရေချိုးခန်းထဲကရေကျသံလေးကိုနားစွင့်ရင်း Gem သီချင်းလေးတိုးတိုးညီးကာ ဧည့်ခန်းလေးထဲတံမြတ်စည်းပတ်လှဲနေလိုက်တော့သည်.....

အသန့်ကြိုက်တဲ့ဇနီးလေးစိတ်ကောက်မှာစိုး‌တာမို့ အပျင်းကြီးတဲ့ခင်ပွန်းသည်ဟာ အိမ်သန့်ရှင်းရေးကို ကြိုးကြိုးစားစားလုပ်ရပါတော့သည်.....

"ဟီးဟီး....အသဲယားလိုက်တာ"

ကိုယ့်အတွေးနဲ့ကိုယ် အူမြူးနေတာကို ရေချိုးနေတဲ့ကောင်လေးသာသိရင် Gem တော့အဆူဆဲခံရမှာအသေအချာ......

အသက်ကို.....အသက်တမျှ (completed)Tempat cerita menjadi hidup. Temukan sekarang