5

410 63 1
                                    

Aircon မရှိတဲ့ budget တိုက်ခန်းလေးမို့ ညစာစားသောက်ပြီးချိန်တိုင်း အခုလိုမျိုးဝရံတာမှာ ဘေးချင်းယှဉ်လျက်အပုံလိုက်လေးထိုင်ချပြီး လေးညှင်းခံရင်းအပူရှောင်ရတာကို Gem တို့နှစ်ယောက်လုံးသဘောကျပါသည်.....
လေးလွှာမှာနေကြတာဖြစ်လို့ ည‌ရောက်ပြီဆို အထပ်နိမ့်အဆောက်အအုံတွေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းတွေကြောင့် ဒီဝရံတာနေရာလေးက အေးအေးလူလူနဲ့နေလို့ကောင်းလှသည်.....

"ငါ့ကိုပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ ပြောလေ Gem "

"Phi Sim ကပြောတယ် Pattaya က သူ့အမေကျန်းမာရေး‌မကောင်းလို့ သူပြန်နေရမယ်တဲ့
သူ့ဆိုင်ကယ်ပြင်ဆိုင်ကို ကြည့်ပေးမယ့်သူမရှိလို့ အဲ့ဒါငါ့ကိုသူ့ဆိုင်ခန်းကို လက်လွှဲယူပေးနိုင်မလားတဲ့
ငါမင်းနဲ့တိုင်ပင်အုံးမယ်လို့ပြောလိုက်တယ်
အဲ့ဒါမင်းဘယ်လိုသဘောရလဲ"

"မင်းသူ့ဆိုင်ကိုရောက်ဖူးလား"

"အင်း"

"အခြေအနေဘယ်လိုရှိလဲ"

"သိပ်မကောင်းဘူးအခြေအနေက"

"ဟမ်"

Fourth ကမျက်လုံးလေးပြူးပြီးအထိတ်တလန့်ဖြစ်သွားတာမို့ Gem မှာသေချာနားလည်အောင်ပြန်ရှင်းပြရသည်....

"ဆိုင်ကနေရာကောင်းတယ်ကွာ သေသေချာချာဖိဖိစီးစီးလေးလုပ်မယ်ဆိုလုပ်ရမယ့်အနေအထားမှာရှိတယ်
ဈေးနဲ့လည်းနီးတယ် နှစ်လမ်းကျော်မှာအထက်တန်းကျောင်းတစ်ကျောင်းလည်းရှိတယ်
ဒါပေမယ့် Phi Sim အကြောင်းကမင်းသိတဲ့အတိုင်းလေ
သူကပိုက်ဆံလိုလို့လုပ်တဲ့သူမှမဟုတ်တာ
အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်တော့ သိပ်ပြီး customer မလာဘူး
မရှိသုံးသဘောမျိုးဖြစ်နေတာပေါ့
ပြီးတော့ဆိုင်ခန်းရဲ့ဘေးမှာ သူ့အခန်းရှိတယ်ဆို‌တော့နေစရာကလည်းအဆင်သင့်ပဲ
ဆိုင်ခန်းခက စပေါ်တင်စရာမလိုဘူး စာချုပ်ကလည်းနှစ်လကျန်သေးတယ်
ခက်တာကပစ္စည်းထပ်ဝယ်ထည့်ရမှာနဲ့ သူ့လက်ကျန်ပစ္စည်းတွေအကုန်ယူပေးရမှာ......
ငါရှိတဲ့ပိုက်ဆံအကုန်သုံးလိုက်ရင် မင်း‌တက္ကသိုလ်တက်တဲ့အခါကျ ငွေပြန်မပေါ်မှာစိုးတာ
ငါမင်းကို ပိုက်ဆံနဲ့ပတ်သတ်ပြီးမပူပင်စေချင်ဘူး
ဦးလေးနဲ့ ဒေါ်‌လေးကတော့ သူတို့ထုတ်ချေးမယ်ပြောတယ်
အခုတောင်ငါ့မှာမျက်နှာပူနေရတာ ပိုက်ဆံတော့ထပ်မချေးချင်ဘူးရယ်"

အသက်ကို.....အသက်တမျှ (completed)Where stories live. Discover now