part46

805 49 0
                                    

Unicoad

စစ်ခန့်ပိုင်လေးကိုဇန ကသူကိုယ်တိုင် ပြင်ဆင်ပေးပြီးကျောင်းကိုလဲသူပဲလိုက်ပို့မယ်တဲ့ ..

ထို့ကြောင့်နှိုင်းလဲ ပိုင်လေးအတွက် ကလေးထိန်းပေးမယ့်သူ ငှားခြင်းကိုဆက်မလုပ်ပဲ ဇနကိုသာ တာဝန်ယူခိုင်းထားတယ်..

ဒီလိုဆိုရင်ဒီကောင်လေး ခြေရှုပ်တော့မည်မဟုတ်ပေ.. ခါတိုင်းဆို သူငယ်ချင်း တွေနဲ့ဟေးလားဝါးလားလုပ်ပြီးအလေလိုက်နေတတ်ပေမယ့် ပိုင်လေးရောက်လာတော့သူကိုယ်တိုင်မွေးထားတဲ့ကလေးတစ်ဦးလိုအချစ်ပိုပြီးစောင့်ရှောက်နေတော့ လိမ္မာတဲ့ကောင်လေးဖြစ်သွားတာပေါ့..

သို့ပေမယ့်လဲ ပိုင်လေးကိုပဲအချစ်ပိုနေတော့ဒီက လူကြီးက သဝန်တိုစိတ်တွေ ထွက်ပေါ့လာတာပေါ့..

"ငယ်... ပြင်ဆင်ပြီးရင်သွားကြမယ် ခြံထဲထွက်ခဲ့"

နှိုင်းကုတ်ကိုသေချာဝတ်ပြီး ကားထားထခြံထဲကိုလျှောက်လာပြီးသားဖနှစ်ဦးကိုရပ်စောင့်နေသည်။

"ဟုတ်ကဲ့ပါဦး"

ဇနလဲ ပိုင်လေးကိုကျောပိုးအိတ်လေးဝတ်ပေးနေရင်းဖြေလိုက်လေသည်။

ဇနက သူသေချာဆင်ပေးထားတဲ့ကလေးကိုကြည့်နေရင်း

"ပါးပါးရဲ့ သားလေးက အရမ်းချော အရမ်းခန့်တာပဲ"

ပိုင်လေးကလဲ ပြုံးနေပြီး သူ့ပါးပါးကို အကြည့်မပျက်ပေ။

"ပါးပါးရဲ့သားပဲ ဒီလောက်တော့ရှိမှာပေါ့"

ကလေးရဲ့စကားကြောင့် ဇနရယ်လိုက်မိသေးတယ် ဒီကလေးက သိပ်စကားတတ်ပ။

"ဟုတ်ပါပြီ လာလာ ကျောင်းသွားကြမယ်"

ကလေးရဲ့လက်ကိုဆွဲပြီး ကားနှင့်နှိုင်းရှိရာ ခြံထဲသို့ထွက်လာခဲ့ကြသည်။

လက်ကလေးဆွဲပြီးထွက်လာတဲ့သားဖနှစ်ယောက်ကိုနှိုင်းကြည့်ပြီးအနည်းငယ် သဝန်တိုစိတ်လဲပေါ်လာပြန်ရသည်။ ဒီကလေးရောက်လာမှ ဇနက သူ့ကိုသိပ်မကပ်တော့ပဲကလေးအနားပဲရစ်သီရစ်သီလုပ်နေတာကိုး..

နှိုင်းကားတံခါးကိုဖွင့်ပေးတော့ ကလေးနှစ်ယောက်ကကားအနောက်ခန်းထဲအတူဝင်ထိုင်ကြသည်။ တံခါးကိုပိတ်ပြီးနောက် သူကလဲ driver ခုံမှာဝင်ထိုင်ကာ ကားစမောင်းရသည်။

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

Uncle And Me (House Slave Season3)Where stories live. Discover now