part1

15.5K 522 46
                                    

Unicoad

လေရူးများတိုက်ခတ်သောအချိန်
ဖေဖေနှင့်မေမေ ရဲ့အုပ်ဂူရှေ့မှာပန်းဆီးလေးချပြီး အမဲဝတ်ဆုံနှင့် ဇနသော်တာ
အချိန်တစ်ခုအထိထိုအနားမှာကြာရှည်စွာရပ်နေခဲ့သည် မိုးကညိုလာကာရွာစပြုလာတော့သည်

"သားငယ်...ပြန်ရအောင်မိုးရွာတော့မယ်"

ေဒါ်လေးရဲ့ခေါ်သံ ကြားတော့မှလှည့်ထွက်လာခဲ့သည် ဒါကတော့ကျနော်၁၅နှစ်ရွယ်မှာပါမိဘအုပ်ဂူဆီ့ကို၆လတစ်ခါလာကြည့်ခဲ့သည် ကျနော်၁၄နှစ်အရွယ်မှာမိဘနှစ်ပါးလုံးဆုံးသွားခဲ့သည်

တစ်နှစ်ကြာပြီးနောက် ဒေါ်လေးက မွေးရာပါနှလုံးအားနည်းမှု့ရှိတာကြောင့် ယခုနှလုံးထဖောက်သောကြောင့်ဆေးရုံသို့ ရောက်သွားခဲ့သည်

အိမ်နီးချင် ဦးလေးကြီးက ဖုန်းလှမ်းဆက်သော​ကြောင့် ကျောင်းကနေ့မှဆရာဆရမတွေတောင်ဂရုမစိုက်နိုင်ပဲဆေးရုံသို့အရောက်လာခဲ့သည်

ဆရာဆရာမတွေကိုလဲစောက်ဂရုမစိုက်ခဲ့ပါဘူး ဒါကတော့အရင်ကတည်းက ကျနော့အကျင့်ပေါ့

လူဆိုးလေးအနေနဲ့ကျောင်းမှာနာမည်ကျော်ကြားသလို ဆရာဆရာမတွေကလဲ အမြင်ကပ်ကြတဲ့ထိုကလေး သူငယ်ခြင်းတချို့က မိဘမရှိတဲ့ကျနော့ကိုသနားသလိုနဲ့ခင်ကြတယ်

ကျနော့ကိုသနားတာ ကျနော်မကြိုက်ဘူး..ကျနော်ကအားလုံးရဲ့ အထက် မှာပဲငုံကြည့်ရတဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်

ဆေးရုံအရေးပေါ်ခန်းမမှာ ဆရာဝန်ကြီးက ခွဲစိတ်ခမ်းကထွက်လာပြီးခေါင်းရမ်းလိုက်သည် ညိုးနွမ်းသောမျက်နှာနှင့်ပေါ့ ဆရာဝန်စာတစ်စောင်ကို ကျနော့ရဲ့တုံနေတဲ့လက် နဲ့ယူလိုက်သည်

ဲနံရံပေါ်သို့မှီကပ်လိုက်ကာ...အသက်မရှိတော့တဲ့လူလိုပင် မျက်ရည်တို့က ရှုိက်ကာမငိုပဲ အေးဆက်စွာကျနေတော့သည်

မိဘပြီးတော့ ဒေါ်လေးတဲ့လား...ကျနော်ဒီတိုင်းပဲအထီးကျန်နေရတော့မလား..ဒီစည်းစိမ်တွေကကော ဘာအသုံးဝင်လဲ လူတွေကကော ဘာကောင်းလို့လဲ..ဘယ်သူ့ကိုအမှီပြုရတော့မှာလဲ..စိတ်အရမ်းရှုပ်လာပြီး..နောက် လက်ထဲကစာစောင်ကိုဖွင့်ဖတ်ကြည့်လိုက်သည်

Uncle And Me (House Slave Season3)Where stories live. Discover now