part25

4.1K 207 22
                                    

Unicoad

Knock Knock !

"ဝင်ခဲ့"

ဇနသည် စာ ဖတ်ခန်းအတွင်းသို့ ဝင်ရန်တံခါးခေါက်ပြီးအထဲက ဦးရဲ့အသံ ဩဩကိုကြားမှ တံခါးလက်ကိုင်ဘုလုံးကိုကိုင်ကာ လှည့်ဖွင့်ပြီးအထဲသို့ဝင်လာခဲ့သည် ပြီးနောက်တံခါးကိုပြန်ပိတ်ကာ computer ေရှ့မှာ အလုပ်လုပ်နေသည်
Coffee တစ်ခွပ်ကလဲ တစ်ဝက်လျော့နေပြီး ဦးရဲ့ computer ဘေးဘက်မှာတည်ရှိနေသည်

ဦးရဲ့လက်ချောင်းတွေက computer ၏ keyboard ပေါ်မှာ ယှက်ပြေးနေပြီး စူးရှတဲ့မျက်လုံးတစ်စုံနှင့် တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေ က ယောကျာ်းတစ်ယောက်ရဲ့ မျက်နှာအနေအထား ကိုပေါ်လွင်စေသည် ရှပ်အကျီကြယ်သီး နှစ်လုံးဖြုတ်ထားတာကြောင့် ဦးရဲ့ ရင်ဘက်နှင့် bone ကို မြင်နေရသည် လည်ပင်းက လည် ဇလုပ်ကလဲ တစ်ချက်တစ်ချက်လှုပ်ခတ်သွားသည်က ဇနကိုရေဆာစေတဲ့အထိကို ဖြစ်စေသည်

နှုိင်းရဲ့ဘေးနားကို ရပ်လိုက်ကာ

"ဦး ကျနော်ပြောစရာရှိလို့ "

ထိုသိူ့ ပြောလိုက်တော့ နှုိင်းသည် အလုပ်ရှုပ်နေသော်လဲ လုပ်နေတဲ့အလုပ်ကား ခဏရပ်လိုက်ကာ ဇနဘက်ကို လှည့် လိုက်ပြီး

"ငယ် ဘာပြောချင်လို့လဲ"

ဇနသည် နှုိင်းရဲ့ ရှေ့မှာ လက်ကလေး နှစ်ဖတ် ကို အရှေ့မှာ ဆုပ်ကိုင်ထားပြီးလက်ချောင်းအချင်းချင်းဆော့ နေရင်း နှုိင်းရဲ့မျက်လုံးကိုတည့်တည့်ကြည့်ကာ

"ဦး ငယ် USကိုမသွားချင်ဘူး ဒီမှာပဲ မြေကွက်နဲ့အိမ်ဆောက်လုပ်ပုံ design တွေအတွက် တက္ကသိုလ်ပဲတတ်ချင်တယ် ဗျ"

နှုိင်းသည် အသက်ကိုရှုထုပ်လိုက်ပြီး နှုတ်ခမ်း နှစ်လွှာက ဖွင့်ဟလာကာ ဇနရဲ့မျက်လုံးကိုတည့်တည့်ကြည့်ပြီး

"ကိုယ့်ကို အကြောင်းပြချက်ပေး"

ဇန သည် မက် တပ်ရပ်နေရာမှ အတင့်ရဲစွာနှင့် နှုိင်းရဲ့ ပေါင်ပေါ်ထိုင်ပစ်လိုက်ပြီး နှုိင်းရဲ့ လည်ပင်းအားဖတ်ကာ ကြယ်သီးပွင့်နေသော ရင်ဘက် ထဲမှာ ဇန ပါးနှင့် နှုိင်းရဲ့ရင်ဘတ်တို့ထိနေသည်အထိ ဖတ်ပြစ်လိုက်သည်

Uncle And Me (House Slave Season3)Where stories live. Discover now