part-43

1.1K 67 10
                                    

Unicoad

ဇနတစ်ယောက်တော့ အပျင်းထူပြီးအိပ်ယာပေါ်မှာလိမ့်အိပ်နေလေသည်။ သူ့အသက် ၂၅နှစ်တောင်ပြည့်နေပြီ ဦးနှိုင်းဝဏကြီးကသူ့ကိုဆို club မတတ်ခိုင်းbarမသွားခိုင်းနဲ့ ဒီလူကြီးသိပ်ကိုချုပ်ချယ်နေသည်။

မနေ့ကလဲ သူငယ်ချင်း နဲ့ထွက်လည်တာ အလည်လွန်သွားပြီးည၁ နာရီမှပြန်ရောက်လို့တဲ့ လူကိုဖင်ပုပ်အောင်ရိုက်ပါလေရောနောက်တော့ကျွန်တော့ဆီက ဖုန်းနဲ့ဆက်သွယ်စရာတွေအကုန်လုံးကိုသူသိမ်းသွားလေတယ်။

ဒီနေ့တော့ဒီလူကြီးအစည်းဝေးရှိသေးတယ်ဆိုလို့ အိမ်မှာလွတ်လပ်ရေးရနေပေမယ့်အပြင်တော့ထွက်မရဘူး ဘော်ဒီဂတ်တွေတစ်မျှော်တစ်ခေါ်ကြီးအိမ်ရှေ့အိမ်နောက်အစုံ ချထားသေးတယ်။ သူ့ဘော်ဒီဂတ်တွေကလဲ ထောင်ထောင်မောင်းမောင်းနဲ့ ကြောက်စရာကြီးတွေပေါ့ဗျာ။

အကြံအဖန်လုပ်ချင်၍ အိမ်ရှေ့ကဘော်ဒီဂတ်ကြီးတွေကြားမှခေါင်းဆောင်ဖြစ်သည့်သူဆီသွားလိုက်ပြီး စကားပြောလိုက်သည်။

"ကျွန်တော် ဦးနဲ့တွေ့ချင်တယ် ဦးကိုခေါ်ပေး"

ဘော်ဒီဂတ်ကြီးက ဇနကိုအဖက်ပင်မလုပ်ပဲ တည့်တည့်ကြီးရပ်နေတော့ ဇန တင်းလာကာမော့ကြည့်

"ဟေ့ခင်ဗျား ကျွန်တော်ပြောနေတာမကြားဘူးလား ဦးနဲ့တွေ့ချင်တယ်ဦးကိုခေါ်ပေးလို့"

"Boss အစည်းဝေးမပြီးမချင်း ခေါ်ခွင့်မရှိဘူး။ သခင်လေးလဲအပြင်ထွက်လို့မရဘူးဒါကြောင့်အိမ်ထဲမှာပြန်နားနေလိုက်ပါ"

ဇနစိတ်ညစ်ပြီးအထဲသာပြန်ဝင်သွားလိုက်ပြီးဆိုဖာပေါ်မှာထိုင်နေလိုက်သည်။သူဆူပုပ်ပုပ်နဲ့စဥ်းစားရင်းစဥ်းစားနေရင်းအကြံတစ်ခုထပ်ရကာပြုံးလိုက်ပြီး သွေးအတုလုပ်ရင် ပန်းချီခန်းထဲကဆေးရောင်ဆုံထဲကအနီဘူးကိုယူလိုက်ပြီး ရေနဲ့ဖျော်ကာမီးဖိုချောင်တွင် မိမိအကျီပေါ်ကို ထိုဆေးရည်တွေ လောင်းချလိုက်ပြီး လဲကျဟန်ဆောင်လိုက်သည်။

"အားးးးးကယ်ကြပါအုံးးး..လူသတ်သမားရောက်နေပြီ!!"

ဇနအသံကြားတာနဲ့ဘော်ဒီဂတ်တွေအကုန်အိမ်ထဲဝင်လာပြီး ကျွန်တောနဲ့သွေးလိုလိုအရောင်ပေနေတဲ့ကျွန်တော့အိကျီကိုမြင်လိုက်တာကြောင့် ကျွန်တော့်ကိုသူတို့အပြေးလိုက်ရှာနေကြတယ် ကျွန်တော်လဲ အကျီကျွတ်ရက်နဲ့ ပုန်းနေရာကထွက်လာပြီး အပြင်ကိုပြေးထွက်ကာ ငမဲကိုဖုန်းဆက်လှမ်းခေါ်လိုက်သည်။

Uncle And Me (House Slave Season3)Where stories live. Discover now