First experience(2)

4.1K 18 1
                                    

အခုဆို တေဇာ သူ မ ကွန်ဒို တိုက်ခန်းထဲကို ရောက် နေပြီ ဖြစ်ကာ လူက ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။ လူက ကိုယ်တစ်ခြမ်းက ရေ စို နေပြီ ဖြစ်သော်လည်း ရေတွေ က တောက် တောက် နဲ့ တော့ ကျ မနေတော့ပါ။
lucyက သူ မအခန်းထဲ ဝင်သွားကာ အဝတ်သွားလဲ တာလား ၊ တေဇာ အတွက် အဝတ်သွားရှာပေးတာလားတော့ တေဇာ လည်း အသေ အချာမသိ ပါ။ ခဏ အကြာတော့ သူမ အခန်းထဲက ပြန်ထွက်လာတာကို တွေ့ရသည်။ လက်ထဲမှာလည်း towelအကြီးစား အဖြူရောင် နှစ်ခုကို လက်ထဲမှာ ကိုင်ထားတာကို လည်း တေဇာ တွေ့လိုက်ရ တော့သည်။

"Taye ဒို့ အိမ်မှာက ဒို့ ကတစ်ယောက် ထဲနေတာများတယ်၊ ဒို့ အဖေနဲ့ အမေက တစ်ခါတစ် လေ မှလာတာ၊ ဒို့ အဖေ အင်္ကျီ တွေ က ဒို့ဆီမှာရှိမနေဘူး၊ ဒို့ အင်္ကျီကလည်း ရှင် ကို ပေးမယ် ဆိုရင်တောင် ရှင်ခန္ဓာကိုယ်နဲ့ မတော်ဘူး"

"ရပါတယ်၊ ကိုယ်ဒီတိုင်း နေလိုက်ပါ့မယ်၊ မိုးတိတ်တာနဲ့ တန်းပြန် လိုက်မယ်လေ"

"မဟုတ်တာ၊ မိုးကလည်း မတိတ်လောက်သေးဘူး၊ ဒီမှာ towelနှစ်ခု ရှိတယ် ပတ်ထားလိုက်ပါလား၊ ရှင့် အဝတ်တွေ မြန်မြန် ပြန် ခြောက် အောင် အ ခြောက်ခံစက် ထဲ ထည့်ထားလိုက်မယ် ၊ မကြာပါဘူး ခဏပါဘဲ၊ မကြာ စေရပါဘူး"

သူမ ကလည်း အတင်းတွေပြော နေတာကြောင့် တေဇာ ရေချိုးခန်းထဲ ဝင်ကာ T shirtနှင့် style pant ကို ချွတ်လိုက် ကာ သူ ပေး တဲ့Towelတစ်ခုကို ခါးမှပတ် ၊ နောက် towelတစ်ခုကို ခေါင်းသုတ်လိုက်ကာ ဂုတ်တွင် ပတ်ထားလိုက်သည်။

ရေချိုးခန်းက ထွက်လာတဲ့ တေဇာ ကို lucyလိုက်ကြည့် နေတော့သည်။ သူမ တွင်ရှိသည့် အကြီးဆုံး Towelနှစ်ခုကို ပေးထားခြင်းဖြစ်ကာ သူမ အတွက်တော့ထို towel တွေကကြီးနေသည်။ ထိုအမျိုးသားအတွက် ကတော့ ခါးမှပတ်ထားသော်လည်း ပေါင် ကျော်ကျော် နား လောက်ထိသာလုံသည်။ ဗိုက်ကြွက်သားတွေ၊ခြေသလုံးကြွက်သား တွေက အတိုင်းသားပေါ်နေသည်။ အသားညိုညိုတွေကလည်း
ချောကလက်တွေလို စားချင်သဖွယ်ဖြစ်သည်။

"အဝတ်တွေပေးTaye၊ စက်ထဲ ထည့်ပေးမယ်"

"ကိုယ်လုပ်လိုက်ပါ့မယ်"

"ပေးပါ Tayeက safaပေါ်မှာ သွားထိုင်နေပါ"

ပြောကာ တေဇာ အဝတ်တွေကို ယူသွားသည်။
တေဇာလည်းsofa ပေါ် မှာ သွားထိုင်နေလိုက်သည်။
နာရီကို ကြည့်လိုက်တော့ 3နာရီခွဲ ကျော် နေပြီ ဖြစ်သည်။ မိုးကလည်း အပြင်ဘက်မှာ ရွာနေတုန်း ဆိုတာကို မှန် ပြတင်း ပေါက် ကနေမြင်ရသည်။

Bad Guy (လူဆိုး)Where stories live. Discover now