Bi (1/2)

8.4K 34 1
                                    

မနက် တုန်းက သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ် ဒီနေ့ညနေကို သူ့အဖေကိုMedical check up တွေလာလုပ်ပေးပါဦးတဲ့ ။
ဒီကောင် နဲ့ ကျွန်တော်က ငယ်ငယ်တုန်းကကျောင်းနေဖက် သူကနောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး အောင်မြင်နေတဲ့လူပေါ့။ ဒီကောင်ကလဲ အထန်ကောင် မိန်းမ မရခင်ကတည်း က ဘာမရှောင် ရသမျှအကုန်စားတဲ့စားဘဲ။ မိန်းမရသွားတော့မှငြိမ်သွားတာ အဒါ တောင်ရှိနေသေးတာ။ ဒီကောင်က ကျွန်တော့ဆီမှာ သွေးစစ်နေကြပါ။
ကျွန်တော် က သူမိသားစုအတွက်family doctor ပါ။
.................................................................

ညနေရောက်တော့ အိမ်ပြန် ပြင်ဆင်ပြီး ယူစရာရှိတာတွေယူရင်း ကျွန်တော့သူငယ်ချင်းအိမ်ကိုသွားလိုက်တယ်

...................
လာသူ့အိမ်ရှေ့ရောက်တော့ ကားဟွန်းတီးလိုက်တယ်။ ခြံတံခါးလာဖွင့်ပေးတော့အိမ်ရှေ့ ဆင်ဝင်အောက်ထိကားနဲ့ဘဲတစ်ခါထဲ ဝင်လာလိုက်တယ်။

သူငယ်ချင်းကအိမ်ရှေ့မှာစောင့်နေတယ်

''တေဇာ ရောက်ပြီလား လာကွာ''

''အင်း မင်း မိန်းမနဲ့ ကလေးတွေရော''

"မိန်းမ က သူ့ မိဘတွေဆီသွားတာ ငါ့ သားငယ် ကို ပါ ခေါ်သွားတယ် ဒီမှာက အခု ငရဲ့ သားကြီးနဲ့ ငါဘဲကျန်တာ သားကြီးက အခု သူ့ အခန်းမှာ ဂိုက်ဆရာလေး နဲ့ အခုစာတွေလုပ်နေတယ်"

"အော်"
"ဖေဖေ့ကို medical check လုပ်တော့မလားတေဇာ''
"အင်း အဲ့လိုဘဲလုပ်ပေးတာပေါ့"

''ဖေဖေက သူ့အခန်းထဲမှာ တေဇာ လာ"

ကျွန်တော်သူ့ အဖေရှိရာအခန်းကိုသွားလိုက်ပြီး စစ်ဆေးစရာရှိတာတွေ စစ် သောက်ရမယ့်ဆေးတွေ လိုအပ်တာတွေ အကုန် လုပ်ပေးလိုက်တယ် ပြီးသွားတော့အိမ်ရှေ့ ပြန်ထွက်လာပြီးဧည့်ခန်းမှာ စပ်မိစပ်ရာတွေပြောနေလိုက်တယ်

နဲနဲ လောက်ကြာတော့

အပေါ်ထပ်ကနေ ကောင်လေးတစ်ယောက်ဆင်းလာတယ် အသားဖြူဖြူ ပိန်ပိန်ပါးပါး ဆံပင် က tomboyကေနဲ့ အခုခေတ် gay ကောင်လေးတွေနဲ့ တော်တော်တူသည်

T shirt အဖြူ ဆွတ်ဆွတ်ကို ပုဆိုး အဖြူ အနက်စင်း နဲ့ တွဲဝတ်ထားတဲ့ ကောင်လေးကို

Bad Guy (လူဆိုး)Where stories live. Discover now