Pool(1)

6.1K 21 1
                                    

မနက်က နေမထွက်ခင် ကတည်းက ထွက်လာလိုက်ကြတာ ရန်ကုန်ကို 8နာရီလောက်မှပြန်ရောက်ကြသည်။ လူက ဟိုမှာ စိတ်ရော ခန္ဓာရော အလိုဆန္ဒပြည့်လာတော့ တေဇာ တစ်ယောက် တက်ကြွနေသည်။ ဒီနေ့က ပြန်ရောက်တော့ အိမ်မှာဆုက ရှိမနေတော့ သူအလုပ်သွားပြီလို့ဖုန်း​ဆက်မှာထားတယ် အင်းလေသူလည်းသူ့အလုပ်မှာ ဝါသနာ ပါတော့ အားစိုက်လုပ်မှာပေါ့။ အိမ်သော့ခြံသော့ အပိုရှိတဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်စောင့်ပေးနေစရာမလိုပါ။ ဒီနေ့မှပြန်ရောက်တော့duty ကတော့မရှိပါ။ စောသေးတာကြောင့် တေဇာပြန် ပြီး မှေးမလို့ ခုတင်ပေါ်တက်ကာနားလိုက်ပြီး သိပ်မကြာ အိပ်စက်ခြင်းတွေဆီကိုရောက်သွားသည်။
.................
တီ.တီ.တီ..........ဖုန်းကနေထွက်လာတော့
တေဇာနိုးသွားသည်။ ​ကောက်ကိုင်ကာ ကြည့်လိုက်တော့ သုတ(Bi chapterမှာပါတဲ့ သူ့ သူငယ်ချင်း) ဖြစ်နေတယ်။

"ဟလို သုတပြော"

"အေး တေဇာ မင်းဒီနေ့အားလား"

"အေး ဘာဖြစ်လို့လဲ"

"ငါ သွေးစစ်ချင်လို့ကွာ အဒါငါမင်းဆီအရင်လာခဲ့မယ် မင်းအိမ်မှာမလား "

' အေးဟုတ်တယ်တယ် လာခဲ့ဟျောင်"

"အေးး အေးး ငါအခုဘဲလာခဲ့မယ်"

"အေး"

ဖုန်းချပြီး ကောင်လာရင်လိုက်ဖို့ပြင်ဆင်ထားလိုက်သည်။ seniorဆရာဝန်အကိုဆီမှာ တေဇသွေးစစ်ဖို့စိတ်ကူးထားသည်။ကိုယ်တိုင်လည်း စစ်ချင်တာ​ကြောင့်လည်းပါသည်။
လူကအိပ်ရေးလည်းဝသွားတော့ လန်းဆန်းသွားသည်။
.................
သိပ်မကြာ သုတရောက်လာတာကြောင့်
အကျိုးကြောင်းပြောပြပြီး တေဇာကဘဲ ကားမောင်းကာထွက်လာလိုက်သည်။

"နောက်ဆုံးတော့ ငကောင်ကြီးတေဇာလည်း လူရိုးလူအေးဘဝကနေ စားဘဲ​ကြီး တောင်ဖြစ်လာပြီပေါ့ကွာ ဟားးးဟားး"

"အေးကွာ ငါလည်း ငါ့ကိုယ်ငါ အဲ့လိုဖြစ်လာမယ်လို့ မရည်ရွယ်ခဲ့ပါဘူး ဟက်''

"ဟေး မင်းဘာမှ ကိုယ့်ကိုယ်ကိုစိတ်ပျက်မနေနဲ့ မင်းက အတင်းအဓ္ဓမ္မ ဖြစ်တာမှမဟုတ်တာကွာ၊ သူ့တို့ဘက်ကအရင်လိုလိုလားလား တောင်းဆိုတာလေ ဒီလောက် အတင်း တွေဖြစ်မှတော့လည်းကွာ ဘယ်အသားစားတဲ့ကျားက တောင့်ခံတော့မှာလည်းကွ ။
ဟျောင့် မင်းဒီနေ့ အားတယ်မလား ငါလည်းနားတယ်ဆိုတော့ ငါတို့တွေ ရေသွားကူးမလား ပြိုင်ကူးကြည့်ရအောင် မကူးတာလည်းကြာပီ"

Bad Guy (လူဆိုး)Where stories live. Discover now