အပိုင်း (၂၉)လက်မထပ်ချင်၍ အချိန်ဆွဲခြင်း

7.1K 561 47
                                    

Uni,

You Are My Happiness (Part 29)

ဇိုင်းမြတ်မဟာမောင် သူ့အိမ်သူပြန်ရောက်သည့်အချိန်တွင် သတင်းတစ်ခုကလည်းစောင့်ကြိုနေသည်။ ထိုသတင်းကတော့ သူ့ညီမလေးရဲ့အမေအရင်းပြန်ပေါ်လာတာဖြစ်သည်။

သူ့ရဲ့လက်ရှိညီမလေးသည် သူ့မိခင်ကမွေးထားတာမဟုတ်ခဲ့ပေ။ သူ့အဖေရဲ့ ညီမဖြစ်သည့် သူ့အဒေါ်ကမွေးပြီး ထားသွားခဲ့တာဖြစ်သည်။

" အဲ့ဒါဆို ဒေါ်လေးကအခုညီမလေးကိုပြန်ခေါ်မယ်ပြောချင်တာလား။ "

" အင်း ခေါ်ခွင့်ရမယ်ဆို ခေါ်ချင်တယ်တဲ့။အခုမင်းရဲ့အဒေါ်ကအဆင်ပြေနေပြီ မန္တလေးမှာ ရွှေဆိုင် လက်၀တ်ရတနာဆိုင်ဖွင့်ထားတယ်တဲ့။အခုနောက်ယောက်ျားနဲ့လည်း ကလေးတစ်ယောက်မွေးထားပေမဲ့ သူ့ယောက်ျားကဒီသမီးလေးကိုလည်း ပြန်​ေခါ်ချင်ခေါ်ခွင့်ပြုတယ်ပြောတယ် "
သူ့အဖေကပြောပြလာတော့ ဇိုင်းမှာ၀မ်းပဲနည်းရမလို သူ့ညီမအစားပဲပျော်ပေးရမလိုဖြစ်သွားသည်။

" ညီမလေးကရော သိပြီးပြီလား။သူကရောဘာပြောလဲ သူ့အမေဆီလိုက်သွားချင်တယ်တဲ့လား။"

" သူကတော့ လိုက်မယ်မပြောသေးဘူး။ ငယ်ငယ်လေးထဲကကွဲနေတာဆိုတော့ အခုနည်းနည်းစိမ်းနေသေးတယ်ထင်တယ်။ သူ့အနာဂတ်လေးကောင်းဖို့ သူ့အမေနဲ့လိုက်သွားရင်တော့ပိုကောင်းတာပေါ့ ငါ့သားလည်း၀န်မပိတော့ဘူး။"

" ကျွန်တော်ကဘာကို၀န်ပိရမှာလဲ အဖေရာ။ကျွန်တော့်ညီမကျွန်တော် ကောင်းကောင်းမွန်မွန်ထားနိုင်တယ်။သူသာမလိုက်ချင်ရင်
အတင်းမလွှတ်ပါနဲ့ ။"

" အဖေကအတင်းမလွှတ်ပါဘူးကွာ။ ဒါပေမဲ့ နောက်တစ်ခုရှိတာက
သားကိုရော အဖေ့ကိုပါအတူမန္တလေးမှာလာနေစေချင်တယ်တဲ့။ သူထပ်မွေးထားတာကလည်း မိန်းကလေးလေ။ ငါ့သားသာလိုက်ခဲ့မယ်ဆို သူတို့ဆိုင်လုပ်ငန်းတွေလည်းသင်ပေးမယ် ကျောင်းဆက်တက်မယ်ဆိုလည်းထားပေးမယ်ပြောတယ်။ငါ့သားအခုလို အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေစရာမလိုတော့ဘူးပေါ့။"

" ကျွန်တော့်​အတွက်ကမလိုပါဘူး ကိုယ့်ဘာသာရပ်တည်နိုင်တယ်။ညီမလေးကိုပဲသေချာမေးရမှာ။"

You Are My Happiness Where stories live. Discover now