အပိုင်း (၂ ) လူချောလေးနဲ့အတူ ကျွန်းပေါ်တွင်သောင်တင်ခြင်း

13.7K 978 86
                                    

Uni,

You Are My Happiness (Part 2)

ကြောက်စရာကောင်းသည့် လှိုင်းလုံးကြီးတွေကြား ရုန်းရင်းကန်ရင်း
နောက်ဆုံးတွင် ထိန်ယံလင်းတစ်ယောက် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်လာတင်သည်။

ကြောက်ရွံ့မှုတွေ ပင်ပန်းမှုတွေနဲ့အတူ သဲသောင်ပြင်ပေါ်မှာအတိုင်းသားမေ့မြောနေသည်။မေ့မြောနေပေမဲ့ စိတ်လွတ်ကိုယ်လွတ်မဟုတ်တာကြောင့် မွန်းကျပ်မှုတွေခံစားနေရပြီး သူ့နှုတ်ခမ်းထက် နူးညံ့သည့်အရာတစ်ခု လာရောက်ဖိကပ်ပြီးချိန်မှ လေအချို့ရကာ အသက်ရှူပြန်၀သည်။

အချိန်တစ်ခုကြာပြီးနောက်တွင်တော့ သူ့အားတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားရ၍နိုးလာတော့သည်။

မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က သူ့အားပြူးတူးကြောင်တောင်ဖြင့်ကြည့်နေသော ပင်လယ်ငှက်တစ်ကောင်ဖြစ်နေသည်။

ထိန်ယံလင်းမှာ အဖြစ်အပျက်တွေကိုပြန်မှတ်မိပြီး ချက်ချင်းထထိုင်၍ ဘေးဘီကိုကြည့်သည်။ သူသည်အမိုးအစုတ်လေးတစ်ခုကာထားသည့် တဲထဲတွင်ဖြစ်သည်။

တဲထက်ပင်စုတ်အုံးမည်။ ခေါင်မိုး ဘေးနှစ်ဖက်နှင့် အနောက်ကိုသာ ကာထားပြီး အရှေ့ဘက်အခြမ်းကအလွတ်ကြီးဖြစ်ကာ မလှမ်းမကမ်းကပင်လယ်ပြင်ကြီးကို လှမ်းမြင်နေရသည်။ 

ရာသီဥတုအခြေအနေမှာမဆိုးဝါးနေတော့ပေ။

ထိန်ယံလင်း သူ့နားထင်သူ လက်မဖြင့်ဖိနှိပ်လိုက်သည်။
" ကျစ် ဟာကွာ, ဘယ်ရောက်လာတာလဲမသိဘူး"

သူ့အပေါ်ကုတ်အင်္ကျီလည်းမရှိတော့တာကြောင့် ထိန်ယံလင်းထရှာမည်လုပ်တုန်း ဇိုင်းမြတ်မဟာမောင်ရောက်လာသည်။

ထိုသူက အပေါ်ပိုင်းဗလာနဲ့ဖြစ်နေကာ တောင့်တင်းသန်မာ ငယ်ရွယ်နုပျိုသော ခန္ဓာကိုယ်အားဖော်ပြထားသည်။ ထိုခန္ဓာကိုယ်ပေါ်မှာမှ ရေစက်အချို့ တွဲလွှဲခိုနေပြီး လက်ထဲ၌လည်း တုတ်ရှည်အချွန်ဖြင့် စိုက်ထားသည့်ငါးနှစ်ကောင်ကိုင်ထားသည်။

" ခင်ဗျား ဘယ်အချိန်ကနိုးတာလဲ"

" အခုပဲ နေပါအုံး ။ငါတို့ဘယ်ရောက်နေတာလဲ မင်းကစက်လှေပေါ်က ကောင်လေးမလား မင်းပါပင်လယ်ထဲပြုတ်ကျလာတာလား"

You Are My Happiness Where stories live. Discover now