အပိုင်း (၁၆) ထင်းရှူးမြို့တော်

9.6K 784 77
                                    

Uni,

You Are My Happiness (Part 16 )

ထိန်ယံလင်း အစည်းအဝေးပြီးတော့ သူ့အခန်းထဲပြန်၀င်လာကာ ဇိုင်းမြတ်မဟာမောင်အားမတွေ့၍နောက်ကလိုက်လာသည့် ဇေရဲအားမေးတော့သည်။

" ဇိုင်းကဘယ်ရောက်သွားတာလဲ,.."

" ကျွန်တော်လည်း အစည်းအဝေးခန်းထဲမှာBossနဲ့အတူနေနေတာလေဗျာ..."

ထိန်ယံလင်းသူ့ဘာသာသူချောင်းဟန့်လိုက်ပြီး အလုပ်စားပွဲခုံ​တွင်၀င်ထိုင်လိုက်သည်။

" မင်းကဘာပြောစရာရှိသေးလို့ လိုက်လာတာလဲ ..."

ဇေရဲက ဖိုင်တစ်ခုအားချပေးလာပြီး
" ဒီမှာboss ကလောဘက်ကvillaတွေဆောက်ဖို့ ၀ယ်ထားတဲ့မြေကွက်တွေကိစ္စလေ အဲ့ဒါပြီးသွားပြီ။ စဆောက်တော့မှာဆိုတော့ Bossအခြေအနေတသ်ချက်သွားကြည့်အုံးမလားလို့။"

" အဲ့ဒါ ငါ့ညီမလုပ်ထားတဲ့အလုပ်ကိစ္စမလား။ သူ့ကိုပဲဆက်လုပ်ခိုင်းလိုက်လေ ။ မသွားတော့ဘူး အချန်ကုန်လို့"

" မမလေးက ဥက္ကဋ္ဌခေါ်လို့ overseaမှာရောက်နေတယ်လေ Boss။
နောက်အပတ်အမှီပြန်မရောက်လောက်ဘူးဗျ။
Boss သွားရင်လည်း ၁ညအိပ်လောက်ပဲကြာမှာပါ။ ဒါပေမဲ့ Bossမသွားချင်ဘူးဆိုလည်း ဖျက်လိုက်မယ်။လက်ထောက်တစ်ယောက်လွှတ်ပြီး အစီအစဥ်အသေးစိတ်ကို သေချာပြန်တင်ပြခိုင်းလိုက်မယ်ဗျ။"

ထိန်ယံလင်းတို့စကားပြောနေကြတုန်း တံခါးခေါက်သံတစ်ချက်နှင့်အတူ ဇိုင်းမြတ်မဟာမောင်၀င်လာခဲ့သည်။

" ဇိုင်း ဘယ်တွေသွားနေတာလဲ။"

ဇိုင်းကသူ့လက်ထဲက ထမင်းချိုင့်တွေကိုမြှောက်ပြရင်း
" နေ့လည်စာစားချိန်ရောက်ပြီလေ ဒီနေ့အပြင်ထွက်စရာကိစ္စလည်းမရှိဘူးဆိုတော့ အစည်းအဝေးပြီးတန်းစားလို့ရအောင် သွား၀ယ်ထားပေးတာ။ "

ဇိုင်းမြတ်မဟာမောင် အကြိုးစားဆုံးကိစ္စက ထိန်ယံလင်းနေ့လည်စာ အချိန်မှန်စားရေးပင်ဖြစ်နေသည်။ ထိန်ယံလင်းမှာ မစားလို့လည်းမရ သူမစားလျှင် ဇိုင်းပါမစားတာကြောင့်ဖြစ်သည်။

ဇိုင်းကထမင်းနဲ့အတူ ၀ယ်လာသည့် စတော်ဘယ်ရီရေခဲမုန့်အား ရေခဲသေတ္တာထဲသွားထည့်လိုက်သည်။

You Are My Happiness Where stories live. Discover now