Part 11

593 119 0
                                    

အပိုင်း(၁၁)

"အမ်း"

ဆုပိုင်သည်လည်း သူ၏လက်ချောင်းများထံမှ တုန့်ပြန်မှုကိုပင် မရရှိတော့မလို့ ဖြစ်သွားသည်။ သူ၏လက်ချောင်းအတွင်းမှ အရိုးများကပင် ကျိုးသွားပြီ ထင်သည်။

သူ၏တစ်ကိုယ်လုံးအနှံ့ ရင်ကွဲစေလောက်သော နာကျင်မှုက လွှမ်းခြုံထားသည်။

"လွှတ်လိုက်တော့"

"လွှတ်လိုက်တော့"

"သိပ်မနာပါဘူး"

သူ၏စိတ်အတွင်း မိစ္ဆာတစ်ကောင်ကဲ့သို့ ညည်းသံက ထပ်ခါတလဲလဲ ထွက်နေသည်။

"မဟုတ်ဘူး"

ဆုပိုင်က ငြီးငြူသည်။ သူ၏လျှာထိပ်ကို ခပ်တင်းတင်း ဖိကိုက်လိုက်ပြီး လတ်ဆတ်သော သွေးအရသာကို ခံစားလိုက်ရစေသည်။ ဒီနည်းအားဖြင့် သူက အနည်းငယ် အသိဝင်သွားသည်။

"ဟစ် ဟစ် ..."

"ဟစ်... ဟစ်"

ရွှေမြွေ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက သစ်ပင်ပင်စည်ကြီးကို ရစ်ပတ်ထားသည်။ အောက်ပိုင်းကမူ ဆုပိုင်၏ ခန္ဓာကိုယ်ကို ခပ်တင်းတင်း ရစ်ပတ်ထားသည်။ သူက ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း တင်းကြပ်လိုက်ပြီး ဆုပိုင်ကို ကျောက်ကမ်းပါးအစွန်းနားမှ ဆွဲတင်လိုသည်။

ဆုပိုင်ကလည်း သူ၏ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်း အပေါ်တက်လာကြောင်း ခံစားလိုက်ရသည်။ သူက ကြောင်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဆုပိုင်ဟာ ဇီဝဗေဒ ပညာရှင်ဖြစ်နေသည့်တိုင်အောင် ထိုအချိန်ကာလ အတောအတွင်း သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။

မြွေများက သွေးအေးတိရိစ္ဆာန်များ ဖြစ်သည်။ ထို့ကြောင့် နို့တိုက်သတ္တဝါများနှင့် ခြားနားသည်။ သူတို့က သူ့ကို ကယ်တင်ရန် ပြုမူလိမ့်မည်ဟု တွေးတောကြည့်ရန်ပင် ခက်ခဲသည်။

"ဟစ်...ဟစ်"

ရွှေမြွေ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပုံကိုလည်း ထင်ထင်ရှားရှား မြင်နိုင်သေးသည်။ သူ၏ပါးစပ်ထဲမှ လျှာက မကြာခဏဆိုသလို ထွက်လာသည့် အရှိန်နူန်းက မြန်မြန်လာသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now