အပိုင်း (၈)
"ဟင် မင်းက လေးလိုက်တာ။ ဝိတ်ချဖို့ လိုနေပြီမဟုတ်လား"
ဆုပိုင်က မြေပြင်ပေါ်တွင် လှဲနေသော တပိုင်ကို ကောက်ဖက်လိုက်သည်။ တပိုင်က ခွေးသေတစ်ကောင်ကဲ့သို့ ထင်ရသည်။ ကြီးမားသော အလေးချိန်ရှိသည့် တပိုင်ကြီးကို တရွတ်တိုက်ဆွဲပြီး ပန်ဒါဥယာဉ်ထဲသို့ ခေါ်သွားသည်။ စိတ်ထဲတွင်လည်း သင်ခန်းစာ ပေးရမည်ဟု တွေးနေသည်။
ဒီကောင်ကို ကြည့်ပါဦး...
"ဟေး ဟား ဟား မင်းက သနားစရာကောင်းချင်ယောင် ဆောင်နေပေါ့လေ"
"အို့"
တပိုင်က အစွယ်ကိုဖြဲပြီး တင်းမာသော မျက်နှာကို ပြုသည်။ ထို့နောက် လက်သည်းကို ဆန့်ထုတ်လိုက်ကာ ဆုပိုင်၏ခါးကို ကိုင်သည်။
"မဟုတ်ဘူး မင်းကသာ ဦးလေးပါ၊ မင်းကသာ ဘုရင်ပါ၊ မင်းကသာ သခင်ပါ ငါက မင်းပင်ပန်းနေမှန်း သိလို့ တမင်တကာကို သယ်ပွေ့လာပေးတာပါ"
ဆုပိုင်၏မျက်နှာက ပြောင်းလဲသွားပြီး ခပ်တိုးတိုးပြောရသည်။
"ဟွန့် ဟွန့်"
တပိုင်က နှာခေါင်းရှုံ့သည်။ ထိုနောက် ဆုပိုင်၏ခေါင်းပေါ် ပြန်မှီလိုက်၏။
ကောင်စုတ်လေး ငါ မင်းကို မနိုင်ပါဘူး။
"ဟွန့်"
ထိုအကောင်ကို ပြန်သယ်သွားပြီးနောက် ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် လှဲချလိုက်ရသည်။ ထို့နောက် တပိုင်၏ဗိုက်ကို မှီနေရင်း ခေါင်းအထက်ရှိ ကြယ်ကောင်းကင်ကို မော့ကြည့်နေလိုက်သည်။
"အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာလိမ့်မယ်။ စနစ်မှာလည်း ဆက်သွယ်လို့ရတဲ့ ဖန်ရှင်းတစ်ခု ရှိရင် ပိုကောင်းမှာပဲ"
ဆုပိုင်က ငြီးငြူရင်း မျက်မှောင်ကျုံ့လေသည်။ သိသာစွာပင် တပိုင်က သူပေးသည့် ရိုးရှင်းသည့် ခံစားချက်များကို နားလည်သည်။ သို့ရာတွင် ထိုကောင်လုပ်သော အော်သံကိုသာ ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ သူဟာ အပြည့်အဝ နားမလည်နိုင်ပါချေ။ ဒီပန်ဒါက တော်တော်လေးကို ဉာဏ်ရည်မြင့်တယ်။ နောက်ပြီး အနာဂတ်မှာ ကျားတွေ၊ ခြေင်္သ့တွေ ရောက်လာတဲ့အခါ ဒီကောင်တွေကို မဆက်သွယ်နိုင်ရင် ဘယ်လိုများ ဆက်သွယ်ရမှာလဲ။