41 01
အပိုင်း(၄၁)
မြှောင် မြှောင် မြှောင်
အသံကို ကြားရပြီးနောက် အမှိုက်ပုံအတွင်းမှ ကြောင်တစ်အုပ်က အိမ်အတွင်းသို့ စုပိုင်ဆီ မြန်ဆန်သော အရှိန်နူန်းဖြင့် ပြေးဝင်သွားသည်။ ဆုပိုင်ကလည်း နောက်မှ ခပ်မြန်မြန် လိုက်သည်။
မြေပြင်က မြေသားသာ ဖြစ်သည်။ မီးခိုးရောင်ဆံပင် အဖွားအိုကြီးက မြေပြင်တွင် ပုံလျက်သား လဲနေသည်။ သူမက ထရပ်ရန် ရုန်းကန်နေပုံပေါ်သည်။
ကြောင်များက အဖွားကြီး၏ အဝတ်များကို ကိုက်ဆွဲလျက် ဆွဲထူပေးရန် ကြိုးစားသည်။ သို့သော် _ _ _
ကြောင်လေး၏အားက အဖွားကြီးကို ထူမပေးရန် ခက်ခဲလွန်းနေသည်။
ဆုပိုင်က ခပ်မြန်မြန် ပြေးသွားပြီး ပွေ့ထူပေးလိုက်သည်။ ထို့နောက် အခန်းထဲရှိ မီးကို ဖွင့်သည်။
"မင်းက_ _ _ "
အဖွားကြီးက ယိုယွင်းနေသော သစ်သားကုလားထိုင်ပေါ်တွင် ထိုင်ပြီး အရှေ့မှ လူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း မေးသည်။
"ဘာတွေဖြစ်နေတာလဲ"
"အဖွားကြီး"
ဆုပိုင်က ငြင်သာစွာ ခေါ်ပြီး မြေပြင်ရှိ ကြောင်လေးများကို ကြည့်သည်။ ထို့နောက် ပြုံးလျက်ပြောသည်။
"ကျွန်တော် စီးဘတ်ကြောင်ကို လာရှာတာပါ။ ဒါပေမယ့် ကျွန်တော် မသိတာက_ _ _"
"မင်းက ကြောင်ကို ဘာလို့ လာရှာတာလဲ။ ဒီမှာ တောရိုင်းကြောင်တွေပဲ ရှိတယ်။ မင်း သူတို့ကို ရှင်အောင် မွေးနိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားပြီးနောက် အမျိုးသမီးမာ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူမ၏လေသံက အေးစက်လာသည်။ သူမခေါ်လာသည့် ကြောင်တိုင်းက မည်သူမှ မလိုချင်သည့် တောရိုင်းကြောင်များ ဖြစ်ပြီး အများစုက ဒုတ္ခိတဖြစ်လုနီးပါး အနှိပ်စက် ခံထားရသေးသည်။
ဒါကို ဒီနေ့ခေတ် လူငယ်တွေက ဘယ်လိုများ မွေးမှာလဲ။
မဖြစ်နိုင်ဘူး သေချာပေါက် ရွာသူကြီးက သွားရှာထားတာပဲ ဖြစ်ရမယ်။