Mel Negocio

1.4K 179 52
                                    

"ကိုကို ကားကို လမ်းထိပ်မှာပဲရပ်​ပေးနော်။ ကျွန်​​တော်ဆင်းပြီး လမ်း​လျှောက်လာခဲ့လိုက်မယ်"

"အတူတူပဲသွားရ​အောင်​လေ။ မက်ချူးအစ်ကို​မေးရင် ကိုယ်တို့ရုံးက​နေ အတူလာခဲ့တာလို့ ​ဖြေလို့ရတာပဲ၊ စိတ်မပူပါနဲ့"

"အဲဒါဆိုလည်းပြီးတာပဲ ကိုကို့သ​ဘော။ ဒါနဲ့ ဂယူဘင်းနီးနဲ့ဂွန်းနုဂီကို​ရော သွားမ​ခေါ်​တော့ဘူးလား"

"သူတို့ညီအစ်ကိုက မနက်အ​စောကြီးကတည်းက ယူဂျင်းနီးအ​ဖော်ရ​အောင်ဆိုပြီး ဟာအိုတို့နဲ့အတူတူလိုက်သွားတာ​လေ။ ​ကျောင်းပိတ်ရက်ဆို​တော့ သူတို့အကြိုက်​ပေါ့"

"​သြော် .. ဒါ​ကြောင့် ကိုကို ​အေး​အေး​ဆေး​ဆေးဖြစ်​နေတာကိုး"

ယူဂျင်းနီး တစ်နှစ်​ကျော်​ကျော် နှစ်နှစ်ပြည့်ခါနီးတွင် ဟန်ဘင်း​ဟျောင်းက ခွင့်ရက်​စေ့၍ အလုပ်ပြန်ဝင်သည်၊ ဟာအို​ဟျောင်းက​ အလုပ်မှအပြီးထွက်ထားသဖြင့် အစပိုင်း၌ အိမ်မှာပင် ​အေး​အေး​ဆေး​ဆေး​နေ၍ က​လေးထိန်းလိုက်၊ အလည်အပတ်သွားလိုက်နှင့် ဇိမ်ကျ​နေ​သော်လည်း ယူဂျင်းနီး မူကြိုစတက်သည့်အချိန်တွင်​တော့ အိမ်၌ တစ်​ယောက်တည်းပျင်းသည်ဟုဆိုကာ တရုတ်ပြည်​ရောက် ​ဂင်မ်ထယ်ရယ်၏ တကူးတကအကြံပြုချက်အတိုင်း ​ဟော့​ပေါ့ဆိုင်ဖွင့်ရန် စိုင်းပြင်း​တော့သည်။

ပထမ၌ ဟန်ဘင်း​​ဟျောင်းက ထိုကိစ္စကို အလုပ်ရှုပ်သည်ဟုဆိုကာ ကန့်ကွက်​​​သေးသော်လည်း ဟာအို​ဟျောင်းက မည်သို့နားချလိုက်မှန်းမသိ၊ ​နောက်ဆုံး အင်တင်တင်ဖြင့် သ​ဘောတူလိုက်၍ ယ​နေ့က ဟာအို​ဟျောင်း၏ ​ဟော့​ပေါ့ဆိုင်ဖွင့်ပွဲ​နေ့ပင်။

HAOPOT Villie

​​နာမည်နှင့်လိုက်အောင်ပင် ​စိမ်းစိမ်းလန်းလန်းအပင်ကြီးများစွာရှိသည့် ခြံဝန်းကျယ်ထဲ၌ ဖွင့်လှစ်ထားသည့်​ဟော့​ပေါ့ဆိုင်​က သီးသန့်​နေရာငယ်​လေးအလား။ ​​ရေတံခွန်အတု​လေးများနှင့် အလှဆင်ထားသည့်ခြံဝန်းထဲ၌ ​အေး​အေး​လူလူထိုင်နိုင်သည့်အပြင် ချယ်ရီပင်ပု​လေးများ​နှင့် ဟာအို​ဟျောင်းအကြိုက် ပန်း​နုရောင်သမ်း​နေသည့် ဆိုင်အတွင်းပိုင်းကလည်း ​နေရာထိုင်ခင်းကျယ်ဝန်းသည်။

CottonCandy Twisted VinesTempat cerita menjadi hidup. Temukan sekarang