Amor Aegrus

1.1K 174 23
                                    

"​​​​ဟောင့်​ဟောင့် ခဏထဦး။ ​ဆေး​သောက်ရ​အောင်"

အခန်းတံခါးဖွင့်သံနှင့်အတူ ကပ်ပါလာ​သော မာမားအသံကိုကြားသည်နှင့် ဟာအို ​ခေါင်းမြီးခြုံထား​​သော​စောင်ကို ပိုလုံ​အောင်ဆွဲ၍ လူးလိမ့်​နေလိုက်သည်။

"မား .. အဲဒါကြီးမ​သောက်ချင်ဘူး"

"မ​သောက်ချင်လို့ ရမလား။ ​ဆေး​သောက်မှ​နေ​ကောင်းမှာ​ပေါ့"

"မ​သောက်ချင်ပါဘူးဆို"

"ဘာမ​သောက်ချင်ဘူးလဲ! ထ! အခု​​​သောက်!"

"နေ​မ​ကောင်းတဲ့သူကို ​​ဘာလို့ လေသံမာမာကြီးနဲ့ လာအော်​နေတာလဲ။ မားတို့က အမြဲအဲလိုကြီးပဲ .."

"ဟဲ့ ငါ​အော်​တာ နင်​ဆေးမ​သောက်လို့​လေ။ ဆေးကို ချော့တိုက်​နေရ​အောင် နင်က က​လေးလား ​ဟောင့်​ဟောင့်ရဲ့ ... လူကဖြင့် ယောက်ျားရလို့ က​လေးတစ်​ယောက်​​တောင်ရ​နေပြီ ဒါကို ..."

​ပေါက်​ပေါက်​ဖောက်သည်ထက်ဆိုး​သော မာမား၏ဓါတ်ပြား​ဟောင်းကြီးကို နားမခံနိုင်​တော့သည့်အဆုံး ဟာအို လှဲ​နေရာမှထထိုင်၍ မျက်လုံးစုံမှိတ်ကာ ​ဆေး​သောက်လိုက်ပြီး အိပ်ယာ​ပေါ်ပြန်​ခွေ​နေလိုက်သည်။ မာမားက​တော့ ထုံးစံအတိုင်း ​ပြောမပြီး​သေး။

"ဖျား​နေတာကို ​ဆေးကမ​သောက်ချင်။ အားရှိ​အောင် အစား​ကောင်း​ကောင်းစားဆိုလည်း ဟိုဟာမစားချင်၊ ဒီဟာမ​စားချင်နဲ့"

"....."

"ဒီလိုသာ ​ပေကပ်ကပ်ဆက်လုပ်​နေမယ်ဆိုရင် အပ်နဲ့ထွင်းရမယ့်​နေရာ ပုဆိန်နဲ့​ပေါက်ရ​တော့မယ်။ နင် မရှက်ဘူးလား ​ဒီအရွယ်ကြီး​ရောက်တဲ့အထိ ဒီလို​မျိုး က​လေးကလားလုပ်​နေ ..."

​ဘာမှပြန်မ​ပြောဘဲ တစ်ဖက်လှည့်၍ အိပ်ချင်​ယောင်​ဆောင်​နေလိုက်ရာ မား၏ပွစိပွစိဆူ​ငေါက်သံများက တဖြည်းဖြည်း တိုးသွား၍ ​နောက်​ဆုံး တံခါးပိတ်သံကြားမှ ဟာအို မျက်လုံးဖွင့်ကြည့်လိုက်သည်။

ဘူဆန်ရောက်​နေသည်မှာ သုံးရက်ရှိပြီဖြစ်၍ ပထမတစ်ရက်၌ ချန်ချန်နှင့်သားအဖနှစ်​ယောက် တစ်​နေကုန် မြို့အနှံ့လျှောက်လည်ကြ​သော်လည်း ​နောက်တစ်​နေ့တွင်​တော့ ဟာအို ​ကောက်ခါငင်ခါဖျား​တော့သည်။ သာမန်အ​အေးမိခြင်းဟု ဆရာဝန်ကိုယ်တိုင် အတည်ပြု​ပေးသည့် နာဖျားခြင်းအမှုတွင် အိပ်ယာထဲမှ မထချင်သလို ဘာကိုမှလည်း စားချင်​သောက်ချင်စိတ်ရှိမ​နေ။ ချန်ချန့်ကို အဖျားကူးမည်စိုး၍ မာမားဆီ အပ်ထားလိုက်ပြီး ဖျား​နေသည့်နှစ်ရက်လုံး အခန်းထဲမှမထွက်ဘဲ အိပ်ယာ​ပေါ်၌သာ ​ခွေ​နေမိသည်။

CottonCandy Twisted VinesWo Geschichten leben. Entdecke jetzt