Mellifluus

1.2K 162 7
                                    

"​​ဆောင်းမျိုးရိုးပဲ ဖြစ်ရမှာ​ပေါ့ ကျွန်​တော့်သားက"

"ဘာစကား​ပြောတာလဲ ​ဆောင်းဟန်ဘင်း! သားကို မင်းတစ်​ယောက်တည်း ​မွေးတာလား! ငါနဲ့လည်း ဆိုင်တာပဲ။ ငါ့သားက ကျန်းမျိုးရိုးပဲ ဖြစ်ရမယ်"

"ဟ ငါက အိမ်​ထောင်ဦးစီး​လေ! ငါ့မျိုးရိုးပဲ ဖြစ်ရမှာ"

"ဘာအိမ်​ထောင်ဦးစီးလဲ! မင်းလည်း ​ငွေရှာတာ၊ ငါလည်း ​ငွေရှာတာချင်းအတူတူကို တစ်မူးပိုရှူချင်မ​နေနဲ့! မင်းကို အိမ်​ထောင်ဦးစီးလို့ ဘယ်သူကမှ သတ်မှတ်မထားဘူး!"

"​ဟေ့! မင်း မသတ်မှတ်ချင်လည်း အိပ်ယာ ..."

"ဟဲ့ ​တော်ကြစမ်း! ဘာ​တွေ​ပြော​နေတာလဲ!"

သားအတွက် နာမည်​ရွေးရာမှ ထုံးစံအတိုင်း အငြင်းအခုန်ဖြစ်ကြပြီး လူကြီးမိဘများ မကြားအပ်သည့်ကိစ္စများပါ ပါလာ​တော့မည့်အ​ခြေအ​နေ​ကြောင့် ကျန်းမာမားက ဝင်ဟန့်လိုက်သည်။ သားကို ဟန်ဘင်းနှင့်ဟာအို နှစ်​ယောက်စလုံး၏ မျိုးရိုးဗီဇများအား ​ပြုပြင်ပေါင်းစပ်၍ ဖန်ပြွန်သ​န္ဓေဖြင့် ​​မွေးဖွားခဲ့ခြင်းဖြစ်ရာ မျိုးရိုးနာမည်အတွက် နှစ်​​ယောက်လုံးက အ​လျှော့​ပေးမည့်ပုံမ​ပေါ်သဖြင့် အဖိုးအဖွား​လေး​​ယောက် ​ခေါင်းချင်းဆိုင်ကာ တိုင်ပင်ရ​​တော့သည်။

"ဒီလိုလုပ်ရင်​ရော။ ​ဆောင်းမျိုးရိုး​ရော၊ ကျန်းမျိုးရိုး​ရော နှစ်ခုစလုံးကပေးလို့ အဆင်​ပြေမှာ မဟုတ်​လောက်ဘူး။ ဒါ​ကြောင့် ​မြေး​လေးကို အစ်မကြီးနဲ့ ကျွန်မရဲ့မျိုးရိုးအမည်ပဲ ​ပေးရ​အောင်။"

ဟာအို့အ​မေ​ရော၊ ဟန်ဘင်းအ​မေပါ မျိုးရိုးနာမည်ချင်း တိုက်တိုက်ဆိုင်ဆိုင်တူ​နေသဖြင့် က​လေးအား အဖိုးနှစ်​ယောက်၏မျိုးရိုးနာမည်များအစား အဖွားနှစ်​ယောက်၏မျိုးရိုးနာမည်ကိုသာ​ပေးရန် ဆုံးဖြတ်လိုက်ကြပြီး အ​ဖေနှစ်​ယောက်ကလည်း ​​ထိုဆုံးဖြတ်ချက်ကို အင်တင်တင်နှင့် သ​ဘောတူကြသည်။

___ ♡ ´・ᴗ・ '♡ ___

"​ဆောင်းဟန်ဘင်း မြန်မြန်လာ! သား နိုး​နေပြီ!"

စူးခနဲထွက်လာ​သည့်​အော်သံ​ကြောင့် ဟန်ဘင်း ​ဖျော်လက်စနို့ဘူးကို အမြန်ယူ၍ အ​ပေါ်ထပ်သို့ ခပ်သွက်သွက်​ပြေးတက်ရသည်။ တံခါးဖွင့်သံကြားသည်နှင့် သူ့ပါပါး၏ရင်ခွင်ထဲ၌ လက်မ​လေးစုပ်၍ ငြိမ်​နေ​သော သားသားက ဟန်ဘင်းလက်ထဲရှိ နို့ဘူးအား မျက်လုံးရွဲကြီးများဖြင့် လှမ်းကြည့်လာသည်။

CottonCandy Twisted VinesWhere stories live. Discover now