အပိုင်းခြောက်

120 15 0
                                    

Unicode

နန်းဆောင်မှာ ညီလာခံအစည်းဝေးလုပ်နေတဲ့ ဂျွန်အိမ်ရှေ့စံလေး။လက်ဆက်ပြီးပြီးချင်း နိုင်ငံ့အရေးတွေ မလစ်ဟင်းအောင် ဆောင်ရွက်နေ၍ တစ်ချို့အမှုထမ်းတွေက မကျေမနပ်ဖြစ်နေခဲ့ကြသည်။သူတို့လိုချင်သည်က ဂျွန်အိမ်ရှေ့စံလေးဟာ ကြင်ယာတော်နှင့်ပင် အချိန်ကုန်ကာ တိုင်းပြည်တာဝန်လစ်ဟင်းစေချင်သည့်ပုံ။မျိုးနွယ်တူ၊မင်းဆက်တူကြသော်လည်း မည်သို့ပင် ဂျိုဆွန်းပြည်သူတွေဖြစ်ကြပစေ တိုင်းပြည်တစ်ပြည်ရဲ့ ထီးနန်းကိုတော့မက်မောလောဘတက်ကြမည်ဆိုတာကို အိမ်ရှေ့စံလေးဟာ ကောင်းစွာနားလည်ပါသည်။

"အိမ်ရှေ့စံနဲ့ကြင်ယာတော်တို့ရဲ့ အိမ်တွင်းရေးကအဆင်ရောပြေပါရဲ့လားဘုရား"

စာလွှာတွေကိုကြည့်နေရင်း ကြားလိုက်ရတဲ့စကားကြောင့် ကြည်လင်နေတဲ့အိမ်ရှေ့စံရဲ့မျက်နှာတွေဟာ ချက်ချင်းတည်တင်းသွားသည်။

"ဘာလို့မေးတာလဲအမတ်ကြီးဆုန်း"

"ဟို..စိုးရွံ့မိပါတယ်ဘုရား။ကြင်စဦးဇနီးမောင်နှံဆိုတော့..."

"ကြင်ယာတော်က နန်းဆောင်မှာ နေလို့သိပ်မကောင်းလို့ အနားယူနေပါတယ်"

"ကြင်ယာတော်ဆိုတာ အိမ်ရှေ့စံမနိုးခင်အရင်ထပြီးပြင်ဆင်ပေးရမှာမဟုတ်ပါလား။အခုထိစက်တော်ခေါ်နေတာ တောရွာများထင်နေတာလားမသိပါဘူး"

ကြားလိုက်ရတဲ့စကားကြောင့် စာလိပ်လွှာတွေကို ပစ်ချလိုက်တာကြောင့် အကုန်လုံးဟာ အလန့်လန့်အဖြန့်ဖြန့်။

"ငါကိုယ်တော်အမြတ်တနိုးတန်ဖိုးထားရတဲ့ ကြင်ယာတော်ကို အမတ်ကြီးကဘယ်လိုမျိုးအဆင့်မသိစွာ လျှောက်တင်ရဲရတာလဲ..!!"

"စိုးရွံ့မိပါတယ်ဘုရား..ကျွန်တော်မျိုးအဲ့လိုသဘောနှင့် ဆိုတာမဟုတ်ရပါ"

"နောက်နောင် ဒီနန်းဆောင်မှာ ကြင်ယာတော်နဲ့ပတ်သတ်ပြီး လေးလေးစားစားဆက်ဆံပေးတာပဲလိုချင်တယ်။နောက်တစ်ချိန် ငါကိုယ်တော်ရှင်ဘုရင်ဖြစ်ရင် ပိုပြီးအာဏာရှိလာမှာမို့ ပိုပြီးလေးစားပေးစေချင်တယ်။ကျေးဇူးပြုပြီးကြင်ယာတော်ကို နည်းနည်းလေးတောင်မထိပါနဲ့။ထိတဲ့သူ ဘယ်အိမ်တော်ပဲဖြစ်ဖြစ် သွေးချောင်းစီးစေရမယ်"

အရှင့်ကံWhere stories live. Discover now