အပိုင်းငါး

132 19 0
                                    

Unicode

ဂျိုဆွန်းတိုင်းပြည်တစ်ခုလုံးရဲ့ အိမ်ရှေ့စံလက်ဆက်ပွဲဖြစ်တာကြောင့် တိုင်းပြည်တစ်ပြည်လုံးနေရာအနှံ့ စည်စည်ကားကား။တိုင်းသူပြည်သားတွေ ပျော်ရွှင်နေကြသလို နန်းတော်ထဲကလူတွေပါ အလွန်အမင်းပျော်ရွှင်နေကြသည်။နိုင်ငံပေါင်းစုံက မင်းညီမင်းသားတွေပါ ရောက်နေတာမို့ လုံခြုံရေးလည်း အရင်ကထက် ပိုမိုတင်းကြပ်ထားလေသည်။

"မမလေးက လှလိုက်တာ"

အင်္ကျီအဝတ်စားတွေ ဆင်ယင်ရမှာ အခက်ခဲရှိတာကြောင့် ယွန်းလေးကိုသာဝတ်ဆင်စေပြီး ကျန်အခြွေရံတွေကို မျက်နှာချေ ခြယ်သခါနီးမှ ဝင်လာခိုင်းစေသည်။ဖြူဖွေးနုနယ်နေသော မျက်နှာလေးသည် အရောင်အသွေးစုံလင်သွားသောအခါ လှတာထက်ပိုနေခဲ့သည်။သို့သော် အရယ်အပြုံးမဲ့နေတာကြောင့် ကြင်ယာတော်ဟာ တစ်ခုခုလိုနေသလို။

"ကျွန်တော်မျိုးမတို့ အရှင်နဲ့လက်ဆက်ရတာများ မပျော်လို့ပါလားကြင်ယာတော်ဘုရား..."

"ကိုယ့်အဆင့်ကိုယ်သိစမ်း..!!ဘယ်ကိုမျက်နှာမော့ကြည့်ပြီး ပြောရဲရတာလဲ..!!"

ဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့ မိဖုရားကြီးဟာ အော်လိုက်တာမို့ ဂျီမင်ပါ လန့်သွားသည့်အဖြစ်။

"မယ်တော့်ဘက်လှည့်စမ်းပါဦး ချွေးမတော်"

ဂျီမင့်မျက်နှာဖူးဖူးလေးအား ကိုင်ကာလှည့်ခိုင်းသူအား အသွေးထဲအသားထဲကို ရွံရှာလွန်းပါသည်။ထိသွားတဲ့နေရာတိုင်း နို့ရည်နဲ့ပြန်ဆေးကြောပစ်မည်။

"တယ် လှလွန်းပါဘိ။ဘာဖြစ်လို့လဲ မျက်နှာမကောင်းတာလဲ။ဖခင်ဖြစ်သူကိုသတိရလို့လား"

"မှန်ပါ့ဘုရား"

"မယ်တော်လည်း စိတ်မကောင်းပါဘူးချွေးမတော်။မယ်တော်တို့ ပိုမေတ္တာထားပေးပါ့မယ်"

နားစည်ထဲကို သံရည်ပူတွေလောင်းချလိုက်သည့်နှယ် မတန်မရာမေတ္တာစကားတွေ သူမမို့လို့ ပြောထွက်တယ်။မနှစ်မြို့ရွံရှာခြင်းတွေဟာ လည်ချောင်းဝထိရောက်လာတာမို့ သူအန်ချင်လာခဲ့သည်။ရွံလွန်းလို့ အော့နှလုံးပါနာတယ်ဆိုတာဒါမျိုး။

အရှင့်ကံWhere stories live. Discover now