အပိုင်းသုံး

119 15 0
                                    

Unicode

ဂျွန်အိမ်ရှေ့စံလေးဟာ ကံကောင်းခြင်းရဲ့နတ်ဘုရား။အောင်မြင်မှုတွေဟာ ဂျွန်အိမ်ရှေ့စံလေးမွေးဖွားလာထဲက အတူတကွထွက်ပေါ်လာသည့်အမှန်တရား။ယခုတွင်လည်း စစ်ပွဲတွင်အောင်နိုင်ခြင်းတွေနှင့်အတူ ပြန်ရောက်လာခဲ့ပေပြီ။ဂျွန်အိမ်ရှေ့စံလေးသည် ထူးထူးခြားခြား သည်တစ်ခေါက်တွင် မျက်နှာပိုရွှင်ပြနေခဲ့သည်။

"ဂျီမင်..!!ဂျီမင်"

"ဗျာ"

" အောင်ပွဲရခဲ့တယ်တဲ့။ဘယ်တော့မှကံကောင်းတာတွေရပ်မှာလဲကွာ..!!အခုက တူဖြစ်သူပါ ပါတော့မယ့်အဖြစ်"

'ဒုန်း..!!!'

အိမ်ရှေ့ကွပ်ပျစ်ကို လက်နှင့်ရိုက်ကာ ဒေါသသံနှင့်ပြောနေတာကြောင့် ဂျီမင်လည်း မနေသာတော့ပဲ ပြေလည်ရာပြေလည်ကြောင်းပြောပြဖို့ပြင်ရတော့သည်။တချောင်ချောင်ဖြစ်လာသော ဦးရီးတော်၏ကျန်းမာရေးသည် သည်ရက်ပိုင်းထဲတွင်သိပ်သိသာလာခဲ့သည်။

"စိတ်လျှော့ပါ ဦးရီးတော်။ကျွန်တော် နန်းတော်ထဲရောက်သွားရင် အခြေနေပိုကောင်းသွားနိုင်ပါတယ်။ဦးရီးတော် ကျန်းမာရေးသိပ်မကောင်းတာ စိတ်အထိခိုက်သိပ်မခံပါနဲ့။ကျွန်တော့်တာဝန်ကျေပွန်အောင် ကျွန်တော် စွမ်းဆောင်ပေးပါ့မယ်။ကျွန်တော့်ကိုယုံပါ"

"မင်းကိုယုံတယ်ဂျီမင်။ဂျိုဆွန်းမင်းဆက်တွေကို မယုံတာ"

"စိတ်အရမ်းမပူနေပါနဲ့။သေချာပေါက်ကြင်ယာတော်ဖြစ်မယ်လို့ မပြောနိုင်ဘူးလေ။ဂျွန်မိဖုရားကြီး ဘယ်လောက်မောက်မာတယ်ဆိုတာ ဦးရီးတော်လဲသိသားနဲ့"

ဦးရီးတော်အားစိတ်ပြေလိုငြား ပြောပြပေမဲ့ သူသည်နန်းတွင်းထဲဝင်ရမှာသေချာသွားပြီမို့ အစီစဥ်တွေပြောင်းရတော့မည်။အရှင်ဟာ အစထဲက ဘုန်းကံကြီးမားတာကိုလျှော့တွက်မိသွားသည်လား။

•••••••••••••••••••••••
•••••••••••••••••••••••
"အရှင်မင်းကြီးနှင့် အိမ်ရှေ့စံကြွချီလာပါပြီ"

မိန်းမစိုးလီ၏ စကားသံအဆုံး ဂျွန်မိဖုရားကြီးဟာ ပန်းကုံးလေးတွေကိုဆွဲပေးပြီး ကြိုဆိုသည်။မှူးမတ်အပေါင်းတို့လဲဂုဏ်ပြုစကားများပြောကာ ပျော်ရွှင်နေကြသည့်ဟန်။

အရှင့်ကံWhere stories live. Discover now