အပိုင်းလေး

147 21 2
                                    

Unicode

ရေကန်ဘေးနားကအဆောင်လေးမှာ အပန်းဖြေနေကြတဲ့ အိမ်ရှေ့စံနဲ့ကြင်ယာတော်လေးတို့သည် တစ်ခစ်ခစ်ရယ်မောနေကြသည်။

"ကြင်ယာတော် မနက်ဖြန်ဆို ကိုယ်တော်တို့လက်ဆက်ရတော့မယ်နော်"

"မှန်ပါ့ဘုရား..ဦး..အဖေ့ကိုသည်ညနေ သွားခေါ်ခွင့်ပြုပါဘုရား"

"ကြင်ယာတော်ကိုယ်တိုင်ခေါ်ရင်ပင်ပန်းနေမှာပေါ့။ကိုယ်တော် ဝေါယာဥ်စီစဥ်ပြီးအခေါ်တော်လွှတ်လိုက်ပါ့မယ်"

"ယခုထဲကတားမြစ်ပိတ်ပင်နေပြီလားဘုရား"

တစ်ဖက်ကိုလှည့်သွားသော ချစ်ရသူရဲ့ပုခုံးနုနုလေးတွေကို ဆွဲလှည့်ကာပြုံးပြတော့ မျက်စောင်းလေးတွေထိုးလာခဲ့သည်။

"ကိုယ်တော်က ကြင်ယာတော်ပင်ပန်းမှာဆိုးလို့ပါ။ကိုယ်တော် မင်းဆန္ဒကိုဘယ်နှစ်ခါများငြင်းဖူးသလဲ"

မေးဖျားလေးဆွဲမော့ပြောပြီးနောက် ရင်ခွင်ထဲဆွဲထည့်လိုက်သောကိုယ်ငယ်ပိုင်ရှင်လေးသည် သဘောကျဟန် ရယ်မောလာသည်။

"ညီတော် စားတော်တည်ချိန်ရောက်ပါပြီဘုရား"

သူ့စကားကြားတော့ လှည့်ကြည့်လာသော မိန်းမပျိုလေးသည် သည်နေ့တွင်လည်း ပန်းနုရောင်အဆင်ကိုသာဝတ်ဆင်ထားပြန်သည်။ညီတော်က သိပ်မေတ္တာရှိပုံရသည်။ရွန်းရွန်းဝေသည့်မျက်လုံးတွေနှင့် ကြည့်နေတာ တခြားသူတွေတောင်မြင်နေရသည်။

"ကောင်းပါပြီနောင်တော်..လာဂျီမင် ကိုယ်တော့်ကိုအရင်လိုခူးခပ်ပေးပါဦး"

လက်ဆွဲပြီးထွက်သွားကြသော သူနှစ်ယောက်ကိုကြည့်ရင်းကြည့်ရင်း ဝမ်းနည်းလာမိတာမို့ ဓါးအိမ်ကိုကိုင်ထားတဲ့လက်တွေ တင်းကြပ်သွားမိသည်။သူ အိမ်ရှေ့စံအဆောင်ရောက်တော့ဖြင့် အိမ်ရှေ့စံဟာ စားတော်တောင်တည်နေပြီဖြစ်သည်။

"လာနောင်တော် တူတူသုံးဆောင်ရအောင်"

"မသင့်တော်ပါဘူးညီတော်"

"မဟုတ်တာ။ လာပါအစ်ကိုတော်"

ဂျွန်အိမ်ရှေ့စံလေးအား ဟင်းထည့်ပေးရင်း နူးနူးညံ့ညံ့လေသံလေးနှင့်အတူ ထပ်လောင်းခေါ်လာသော အသံပိုင်ရှင်ကြောင့် ငြင်းမနေတော့ဘဲ ဝင်ထိုင်လိုက်တော့သည်။

အရှင့်ကံWhere stories live. Discover now