3

196 31 6
                                    


ယူဂျင်း Headphones ကိုဆွဲချွတ်ပြီး စားပွဲပေါ်ပစ်တင်ကာ ခေါင်းကိုအနောက်လှန်ချလို့ မျက်နှာကြက်ဆီငေးနေမိတယ်။ ဂိမ်းဆိုင်အတွင်းက ဆူညံနေတဲ့ အသံတွေဟာ ယူဂျင်းကို ဝန်းရံထားတယ်။ Mouse ဘေးမှာ ချထားတဲ့ ဖုန်းရဲ့မျက်နှာပြင်က ဆက်တိုက်ဆိုသလို လင်းလာတစ်လှည့် ပြန်ပိတ်ကျသွားတစ်လှည့်။

ဖုန်းကိုဖွင့်မစစ်တော့ဘဲ လွယ်အိတ်ထဲကောက်ထည့်ပြီး ပိုက်ဆံရှင်းရန် ကောင်တာဆီထွက်လာခဲ့တယ်။

" ဟေး...ကျောင်းသားလေး မင်းကို စောင့်နေတဲ့သူရှိတယ် "

၂လလောက်ကြာတဲ့အထိ တစ်ပတ်ကို ၅ရက်လောက်တွေ့နေရတဲ့ ကောင်တာက ငွေကိုင်အစ်ကိုကြီးဟာ ယူဂျင်းပြန်ခါနီးတိုင်း ဒီစကားတစ်ခွန်းနဲ့ အသိပေးနေကြဖြစ်တယ်။ စားထားတဲ့ ခေါက်ဆွဲပြုတ်ဖိုးနဲ့ ကျန်တဲ့အခကြေးငွေတွေကို ရှင်းခဲ့ပြီး တစ်ချိုးတည်းလှည့်ထွက်လာလိုက်တော့ ခြေသံတွေက သူ့အနောက်ကနေ ထပ်ကြပ်မကွာပါလာလေတယ်။

ယူဂျင်း ရပ်လိုက်ရင် ခြေသံတွေကပါ ရပ်သွားပြီး ယူဂျင်း ဖြည်းဖြည်းပဲသွားရင်တော့ အနောက်မှလူကလည်း နှေးနှေးပဲရွေ့တယ်။

ဘာလို့ စာတွေပြန်မပို့သလဲမမေး။ ဘာလို့ ထမင်းအတူမစားတော့တာလဲဆိုပြီး မမေး။ ဘာလို့ အမြဲ ရှောင်ပြေးချင်နေသလဲ မမေး။

တိတ်တိတ်လေး လာစောင့်တတ်ပြီး တိတ်တိတ်လေးပဲ ပြန်သွားတတ်တဲ့ ထိုလူဟာ သူသာ ဆန္ဒရှိပါလျှင် အနားကို ဒီထပ်နည်းနည်း ပိုပြီးတိုးကပ်လို့ ယူဂျင်းကြားစေဖို့ မေးခွန်းတွေကို တရစပ်မေးနိုင်ပါလျက်နဲ့။

" ဂင်ဂယူဗင်း ! "

နိုဝင်ဘာလရဲ့ မထူးမခြား လကွယ်ညခင်းဟာ လမ်းမီးတိုင်ဆီက အလင်းကိုသာ မှီခိုပြီး အလင်းဆောင်နေရတယ်။ ယူဂျင်း ခြေစုံရပ်ပြီးနောက် အနောက်ဘက်ကိုလှည့်လိုက်တယ်။

ကျောင်းယူနီဖောင်းရင်ဘတ်က 'ကျင်းခွေပင်း' ဆိုတဲ့နာမည်ရင်ထိုးဟာ မီးရောင်ကြောင့် အလင်းပြန်နေတယ်။

| ကိုကို့ ကိုရီးယားနာမည်က 'ဂင်ဂယူဗင်း'လေ... ကလေးလေးနာမည်ကကြ 'ဟန်ယူဂျင်း' ဆို? |

Illusion Where stories live. Discover now