E.18

2.2K 48 1
                                    


ဒေးတိုက်ခန်းလေးက တစ်ယောက်ထဲနေပင်မဲ့ရှင်းလင်းနေကာ သူနေရာနဲ့သူရှိပြီး အိတ်ခန်းတစ်ခန်းထဲပါကာ ဝင်ဝင်ချင်း ဘယ်ဘက်မှာမီးဖိုချောင်နဲ့ထမင်းစာပွဲ ညာဘက်မှာTVစင်နဲ့ ဆိုဖာလေး ဧည့်ခန်းလေး။

"အိမ်ရှင်ပစ္စည်းတွေလေ သုံးခွင့်ပေးထားတာ ကျွန်တော်ဘာသာဆိုဝယ်နိုင်မှာမဟုက်ဘူး"

ဒေးကမီးဖိုချောင်ရှိရေခဲသေတ္တာထဲ သူဝယ်လာတာတွေထည့်ရင်းထိုသို့လှမ်းပြောလေသည်။ရှိန်းလဲရပ်နေရာမှ ဒေးရှိရာကိုလျှောက်သွားလိုက်သည်။

"ဦးရှိန်းခနစောင့်နော် ခေါက်ဆွဲပြုတ်လိုက်အုံးမယ် အိမ်မှာဒါပဲရှိလို့ "

"ရတယ် ကိုယ်ဒီမှာထိုင်စောင့်နေမယ်"

ဒေးခေါင်းလေးငြိမ့်ပြကာ ခေါက်ဆွဲစပြုတ်တော့သည်။ ရှိန်းကတော့မျက်နှာချင်းဆိုင်ထမင်းစာပွဲခုမှာဝင်ထိုင်ရင်း နှစ်ရက်လောက်မတွေ့ရတဲ့ဒေးရဲ့လှုပ်ရှားမှုကိုထိုင်ကြည့်လို့နေသည်။ ခနကြာတော့ ဒေးကခေါက်ဆွဲပန်ကန်လေးနှစ်ခုကိုင်ပြီး ရှိန်းရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ ပန်ကန်တစ်ခုကိုဒေးကရှိန်းဆီပို့ပေးလေသည်။

"စားကောင်မဲ့ပုံပဲ..."

"စားကောင်းတာမကောင်းတာ မြည်းကြည့်မှသိမှာပေါ့ ဦးရှိန်းရဲ့"

"အင်း...."

ရှိန်းဇွန်းနဲ့ခက်သောက်ကြည့်လိုက်တော့ တဂယ်အရသာတွေ့တယ်။ ရှိန်းအသင့်စားခေါက်ဆွဲပြုတ်တွေကိုတစ်ခါးမှမစားဘူးဘူး ငယ်ငယ်ထဲကမာမီကလဲမစားခိုင်းခဲ့၍ အခုထိလဲမစားဘူး ဒီလောက်ကောင်းမယ်လို့မသိခဲ့ဘူး။

"တဂယ်ကောင်တယ်ဒေး......ဒေးလက်နဲ့ကိုယ်တိုင်ပြုတ်ထားလို့လားမသိဘူး"

"ဟာ ဦးရှိန်းကလဲ ပေါက်ကရ"

ရှိန်းစကားကြောင့် ဒေးရှက်သွားကာ ခေါက်ဆွဲကိုသာငုံ့စားလို့နေသည်။ ရှိန်းလဲဆက်မပြောတော့ပဲ ခေါက်ဆွဲစက်စားကာ ကုန်သွားတော့ ဒေးကပန်ကန်တွေသူဆေးမယ်ဆိုပြီအတင်းယူသွားတော့တယ်။ ရှိန်းဆေးပေးချင်ပင်မဲ့ သူမွမေဆးတက္တာ ဒါကြောင့်အတင်းငြင်မနေတော့ပဲ ဒေးကိုယ်သာထိုင်ကြည့်နေလိုက်သည်။

ErrorWhere stories live. Discover now