E.14

2.4K 63 1
                                    

ဒေးပုံမှန်နေ့ရက်တွေလိုပဲ ဖျက်သန်းကာ ဟိုလူဘက်ကလဲသူပုံစံအတိုင်း မနက်၊နေ့လည်၊ညနေ ပုံမှန်သုံးချိန်လုံး ဆိုင်သို့လာမြဲတိုင်းလာသလို ဒေးပြန်ချိန်ထိစောင့်ကာ စကားအနည်းငယ်လာပြောရင်း ဒေးလဲပြန်ပြောမိရာ အရင်လိုအခြေအနေတော့မဟုက်တော့ပဲ နည်းနည်းလေးတော့ နှစ်ယောက်သားဆက်ဆံရေးက ပိုရင်းနှီးလို့လာသည်။ဒီလိုနဲ့အချိန်နှစ်ပက်အတွင်းမှာ သူနဲ့ဒေးပိုပိုရင်းနှီးလာကာ တစ်ခါတစ်လေဒေးကိုလမ်းကြုံတယ်ဆိုပြီး အိမ်ပြန်လိုက်ပို့၍ ဒေးလဲမငြင်းသာပဲလိုက်ခဲ့မိသေးတယ်။

"ကိုယ် ကားပေါ်ကစောင့်နေမယ်နော် "

ရှိန်းထိုသို့ပြောပြီး ဆိုင်ထဲကထွက်လာကာ ကားပေါ်တက်ပြီး စောင့်နေလိုက်တယ်။ ဒီရက်ပိုင်အတွင်း ဒေးနဲ့သူအဆင်ပြေကာပိုရင်းနှီးလာပြီး အရင်လိုအချေကောင်လေးက စကားတွေအများကြီးပြန်ပြောလာသလို အိမ်ပြန်လိုက်ပို့ရင်လဲမငြင်းပဲလက်ခံသည်။ ဒါပင်မဲ့ရှိန်းခံစားချက်တွေကိုတော့မဖွင့်ပြောရသေး ဖွင့်ပြောချင်လွန်းလို့ရူးမတက်ပါပဲ ဒါပင်မဲ့လဲ ဖွင့်ပြောလိုက်ရင်လဲ အငြင်းခံရမှာကြောက်တယ်။ ဒီကောင်လေး ရှိန်းအနားကထွက်သွားမှာလဲသေလောက်အောင်ကြောက်တယ်။

ဒေါက်......ဒေါက်

ရှိန်းတွေးနေ့တုန်း ကားတံခါးခေါက်သံကြောင့် လန့်သွားကာ ဒေးတောင်ရောက်လာပြီပဲ။ ရှိန်းလဲ အမြန်ပဲကားတံခါးလော့ဖွင့်ပေးလိုက်တော့ ဒေကကားပေါ်တက်လာသည်။

"ဦးရှိန်း စောင့်ရတာကြာသွားလား"

"မကြာပါဘူး ဒေးရဲ့ ဒါဆိုကိုယ်တို့သွားကြမလား"

"ဟုက်.... ဒါနဲ့လေ ဦးရှိန်း..."

"ပြောလေဒေး ဘာပြောဖို့လဲ"

ပြောရင်ကောင်းမလားမပြောရင်ကောင်းမလား စဉ်းစားပြီး ဒေးခနတိတ်ဆိပ်သွားတော့၏

"ပြောပါဒေးရဲ့ ကိုယ့်ကိုအားမနာနဲ့"

"ဟို ကန်ဘောင်မှာအကင်သွားစားကြမလားလို့ပါ ဦးရှိန်းမအား...."

"ကိုယ်အားတာပေါ့ သွားစားကြမယ်လေ ကိုယ်လဲဗိုက်စာနေတာ"

"ဟုက်"

ErrorWhere stories live. Discover now