E.11

2.7K 69 0
                                    

"မဟုက္ဘူး.....မဟုက်ဘူးလို့!"

"ဒေး.....ဒေး....."

ညသန်းခေါင်ကျော်မှ ဒေးရဲ့အော်သံကြောင့် ဂျူးဂျူးမေ လန့်နိုးလာရာ ဒေးကတော့ တစ်ကိုယ်လုံးတုန်ရီနေပြီး ချွေးတွေလဲစိုရွှဲလို့နေတာမို့ အိမ်မက်ဆိုးတွေမက်ပြန်ပြီထင်တယ်။

ဂျူးဂျူးမေ ဒေးကိုယ်လေးကိုလှုပ်ပြီး နှိုးလိုက်ရာ မကြာပါဘူးဒေးမျက်လုံးတွေပွင့်လာပြီး မျက်ရည်တွေလဲကျလို့နေသည်။

"ဟင့် ကြောက်တယ် ကြောက်တယ်"

ဒေးကငိုရှိုက်လာရင်း ဂျူးကိုလှမ်းဖက်ကာ ထိုသို့ပြောရင်းတုန်နေတော့သည်။ ဂျူးလဲဒေးကျောပြင်ကိုပုတ်ရင်း ချော့မြှူလေရာ ဒေးကအမြဲအိမ်မက်ဆိုးတွေမက်တိုင်း အမြဲကလေးတစ်ယောက်လိုပင်ဒါကြောင့်ဒေးကိုသူတစ်ယောက်ထဲမနေခိုင်းချင်တာ။ ဂျူးကဒေးထက်အသက်တစ်နှစ်လေးလောက်သာကြီးပြီး အန်တီနိုဆီမှာအတူအလုပ်လုပ်ရင်း မောင်နှမအရင်တွေလိုပင်ချစ်ကြတဲ့သူငယ်ချင်းဆိုလဲမမှားပေ။

ယောကျာ်းလေးတစ်ယောက်နဲ့တစ်ကုတင်ထဲအိပ်တာဟာလူပြောစရာဆိုပင်မဲ့ ဒေးအကြောင်းသိနေတဲ့သူ့အဖို့ ဒေးကသူ့မောင်အရင်းလေးလိုပဲ ချစ်သလိုအမြဲအရှေ့ကနေပေးချင်တယ် စောင့်ရှောက်ပေးချင်တယ် လိုအပ်ချိန်တိုင်းသူရှိနေပေးချင်တယ်။

"ဘားမှမဖြစ်နော်ဒေး အိမ်မက်မက်တာ ဒါတွေကပြီးသွားပြီ"

ဒေးကိုချော့နေရင်းခနကြာတော့ ဒေးကအငိုတိတ်သွားကာပဲုမှန်အတိုင်းပြန်ဖြစ်သွားပြီး ဂျူးကိုဖက်ထားရာမှလွှတ်ကာ ကိုယ်လေးပြန်မက်သွားတော့ ဂျူးလဲဒေးအတွက် ရေတစ်ခွက်ငှဲ့ထည့်ပေးရင်း ကမ်းပေးလိုက်သည်။ ဒေးရေတစ်ခွက်လုံးကုန်အောင်သောက်ချပြီး ခွက်ပြန်ကမ်းပေးကာ ဂျူးကိုကျေးဇူးတင်လိုက်သည်။

"ကျေးဇူးနော်ဂျူး "

"ရပါတယ်ဒေးရယ် တစ်ယောက်ထဲနေတာအဆင်ယောပြေရဲ့လား ငါအတူလာနေပေးရမလား"

"ငါအဆင်ပြေပါတယ် ဂျူးကိုသက်သက်ဒုက္ခပေးသလိုဖြစ်နေမယ် "

"ဒေးအဲ့လိုမပြောနဲ့ နင့်နားမှာငါအမြဲရှိတယ် ဘာပဲဖြစ်ဖြစ်တစ်ယောက်ထဲမဖြေရှင်းနဲ့မှက်ထားနော် ငါကနင့်အမလဲဟုက်သလိုသူငယ်ချင်းလဲဟုက်တယ်"

ErrorTahanan ng mga kuwento. Tumuklas ngayon