Part-11

1.9K 176 42
                                    

သူတို့ bar ရှိရာ အပေါ်ထပ်သို့ ပြန်ရောက်သောအခါ ခန့်ညား Lucifer တို့နှစ်ယောက်လုံးအား သူ၏ ရုံးခန်းအတွင်းသို့သာ ခေါ်လာခဲ့လိုက်တော့သည်။ ထို့နောက် သူသိပ်သောက်လေ့မရှိသော်လည်း သူ့ရုံးခန်းထဲမှာ အဆင်သင့် ရှိနေတတ်သည့် Jim ပုလင်းအားယူကာ အရှေ့က မျက်မှန်နှင့် အမျိုးသားအား ဧည့်ခံလိုက်လေသည်။ Lucifer ကတော့ သူ့လိုပဲ သိပ်သောက်လေ့မရှိမှန်း သူသိပေသည်။

ထို့နောက် သုံးယောက်ကြားက လေထုအား Lucifer ဘက်ကနေဘဲ အရင်ဆုံး အသက်ဝင်လာအောင် သူတို့အား မိတ်ဆက်ပေးလာလေသည်။

*ဒါက ဒီ bar ရဲ့ ပိုင်ရှင် ။ နာမည်အရင်းထက် သူ့ကို ဒီ bar အတွင်းမှာတော့ Professor လို့ပဲ သိကြတယ်။ ကျွန်တော် မိတ်ဆက်ပေးမယ်ပြောတဲ့ Doctor လေ ။ Professor ဒါကတော့ ကျွန်တော့်ရဲ့ ပါတနာပါ။ *

Lucifer ၏ မိတ်ဆက်ပေးမှုအဆုံး ခန့်ညားဘက်ကနေပဲ အရင် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်လေသည်။

*တွေ့ရတာဝမ်းသာပါတယ် ခန့်ညားစေပါ *

သို့သော် သူ့ဘက်ကနေ သူ၏ နာမည်အရင်းအား မိတ်ဆက်ပေးလိုက်သည့်အခါ တစ်ဖက်က အမျိုးသားကလည်း ပါးနပ်စွာပင် သူ့အား ပြန်၍ နှုတ်ဆက်လာလေသည်။

*ထူးမြတ်မောင်ပါ ။ တွေ့ရတာဝမ်းသာပါတယ်*

*မဟုတ်ရင်တောင် ကျွန်တော်က ဒေါက်တာနဲ့ appointment ယူမလို့ စဉ်းစားနေတာ ။ ကျွန်တော်တို့အတွက် personal doctor လိုအပ်တယ်လေ*

Lucifer ၏ စကားအား ခန့်ညား သဘောပေါက်ပါသည်။ သူတို့လို့ BDSM လောကသားတွေအနေနှင့် အဓိက အရေးအကြီးဆုံးမှာ ကျန်းမာရေးပင် ဖြစ်ပေသည်။ သို့သော် ပုံမှန် ဆရာဝန်တစ်ယောက်အား အပ်နှံဖို့ဆိုတာကလည်း လွယ်သည့်အလုပ်မဟုတ်တော့ အနည်းနဲ့ အများတော့ ခေါင်းစားကြရစမြဲသာ။ ထို့ကြောင့် သူဟာ ဆေးရုံ၌ Dr.ခန့်ညားစေ အနေနဲ့လည်း နာမည်ကြီးသလို ဒီလောကမှာလည်း သူ၏ VIP ဧည့်သည်တိုင်း၏ personal doctor ဟာ သူဖြစ်ပေသည်။

ဤ bar ရှိ VIP ဧည့်သည်တိုင်းဟာ အသိုက်အဝိုင်းကြီးတွေကနေ ဆင်းသက်လာသူတွေမို့ သူတို့ဟာ private life နဲ့ privacy ကို လွန်စွာမှ အလေးထားကြလေသည်။ ထို့ကြောင့် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုနှင့် ရှေ့ဆက်နေကြခြင်းဖြစ်ပြီး သူ့ဘက်ကနေလည်း တစ်စုံတစ်ယောက် ထိခိုက်နစ်နာစေရန် မလုပ်ခဲ့ဖူးသလို၊ သူ့အားလည်း ထိခိုက်အောင် ဘယ်သူကမှ မလုပ်ခဲ့ဘူးပေ။ မဟုတ်ရင် သူ့အား ကျားချောင်းချောင်းနေသည့် သူ့အဒေါ်တစ်ယောက် သူ ဘာကို စိတ်ဝင်စားလဲဆိုတာ သိတာ ကြာနေလောက်ပြီ ဖြစ်သည်။

Chilli Pepper Where stories live. Discover now