Part-9

1.4K 147 15
                                    

၁၂ နာရီကြာသည့် night shift အပြီးမှာတော့ ခန့်ညား သူ၏ ညောင်းညာနေသော ခါးအား ဟိုဘက်ဒီဘက်လှည့်ကာ အကြောဖြေလိုက်လေသည်။ ထို့နောက် အနည်းငယ် မကြည်မလင်ဖြစ်ချင်နေသည့် စိတ်ကြောင့် duty report တွေ ရေးပြီးတာနှင့် သူ၏ နားနေခန်းဆီသို့ ပြန်လာကာ ကော်ဖီတစ်ခွက်လောက် သောက်ရန် စိတ်ကူးလိုက်လေသည်။

ထို့ကြောင့် တာဝန်ကျ ဆရာ၊ဆရာမ များကို နှုတ်ဆက်ကာ ခွဲစိတ်လူနာဌာနမှတစ်ဆင့် သူ၏ နားနေခန်းရှိရာ ဒုတိယထပ်သို့ ပြန်ဆင်းရန် ဓာတ်လှေကား စောင့်နေလိုက်လေသည်။ သို့သော် ပွင့်လာသည့် ဓာတ်လှေကားထဲ၌ ထောင့်လေးသို့ကပ်ကာ ကုပ်ကုပ်ကလေး ရပ်နေသည့် လူနာဝတ်စုံနှင့် ကလေးမလေးတစ်ယောက်ကြောင့် ခန့်ညား ကြောင်အ မိသွားလေသည်။ ထိုကလေးမလေးမှာ အလွန်ဆုံးရှိလှ ၁၀ နှစ်လောက်သာ ရှိဦးလောက်မည် ထင်ပါ၏။

*အီးဟီး... မေမေ! *

သူရပ်ကြည့်နေရင်းပင် ရုတ်တရက် ထငိုလာသည့် ကလေးမလေးကြောင့် ပြန်ပိတ်သွားခါနီး ဓာတ်လှေကား တံခါးအား သူ အမှီတားလိုက်ကာ လူကပါ ဓာတ်လှေကားထဲ ဝင်လာလိုက်လေသည်။ သူ့အား မြင်သောအခါ ကလေးမလေးဟာ ဖျော့တော့နေသော မျက်နှာနှင့် သူ့အား မော့ကြည့်လာလေသည်။ သို့သော် မျက်ရည်ကတော့ မဆဲသေးပေ။ ထို့ကြောင့် ခန့်ညားလည်း ကလေးမလေးနှင့် တစ်ညီတည်းဖြစ်အောင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကာ အပြုံးချိုချိုလေးနှင့် မေးလိုက်လေသည်။

*သမီးလေးက မေမေ့ကို ရှာနေတာလား?*

သူ၏ ချိုသာကာ တည်ငြိမ်လှသော အသံကြောင့် ကလေးမလေးဟာ ငိုနေရာမှ တိတ်သွားကာ ရှိုက်ရင်းပင် သူ့အား ခေါင်းငြိမ့်ပြလာလေသည်။ ထို့ကြောင့် ခန့်ညား ကလေးမလေး၏ မျက်ရည်များကို လက်နဲ့ ခပ်ဖွဖွသုတ်ပေးရင်း ပြောလိုက်လေသည်။

*မငိုနဲ့တော့နော်။ ဦးဦးက မေမေ့ကို တွေ့အောင် ရှာပေးမယ်*

သူပြောတော့ ကလေးမလေးက လိမ်မာစွာပင် ခေါင်းထပ်ငြိမ့်ပြလာသဖြင့် ခန့်ညား ပြုံးမိလေသည်။ ကလေးတွေက သူ၏ အပြုံးကို မြင်တာနှင့် လုံခြုံမှုတစ်ခုအား ခံစားသွားရသလို အမြဲ သူ၏ စကားအား နားထောင်တတ်ကြလေသည်။ အခုလည်း ကလေးအား အငိုတိတ်အောင် လုပ်‌ပြီးပြီမို့ ပွင့်လာသည့် ဒုတိယအထပ်မှာပဲ အရင်ဆုံး ဓာတ်လှေကားထဲက ထွက်လာလိုက်ကာ နီးစပ်ရာ ခုံတန်းလေး၌ ဝင်ထိုင်လိုက်ပြီး ကလေးမလေးအား သူ့ duty coat ထဲ အသင့်ဆောင်ထားတတ်သည့် စုတ်လုံးလေးအား ထုတ်ပေးလိုက်လေသည်။

Chilli Pepper Where stories live. Discover now