Part-8

1.2K 120 19
                                    

နေမင်း၏ အလင်းရောင်ဟူသည် ပျောက်ကွယ်သွားပြီး အမှောင်ထုသာ စတင်ကြီးစိုးလာသော မှောင်ရီပျိုးစ အချိန်၌  လူတွေ ပြာပန်းခတ်အောင် သွားလာနေကြဆဲပင် ဖြစ်သည့် မြို့ကြီးပြကြီး၏ အငွေ့အသက်နှင့် ကွဲပြားစွာ လွန်စွာမှ တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးရှိ architecture ကျကျ design ဆွဲ ဆောက်လုပ်ထားသည့် အိမ်ကြီးမှာတော့ မီးများသာ ထိန်အောင် လင်းနေသော်လည်း လွန်စွာမှ တိတ်ဆိတ်လို့ နေလေသည်။

သို့သော် မီးရောင်စုံလင်းနေသော အိမ်ကြီး၏ ဒုတိယထပ်ရှိ အခန်းလေးတစ်ခန်းမှာတော့ မီးရောင်ပြပြလေးသာ ထိန်လင်းလျက်ရှိပေသည်။ အခန်းထဲရှိ လိုက်ကာ အားလုံးကို ပိတ်ကာ  စာရေးစားပွဲမှ မီးရောင်လေးသာ ဖွင့်ထားသော အခန်းထဲ၌ laptop keyboard မှ စာရိုက်သံ တစ်ချောက်ချောက်သာ အခန်းတွင်း၌ ကြီးစိုးနေလေသည်။

သို့သော် စာရိုက်နေသူ၏ မျက်မှန်အကြည်ရောင်လေးအောက်က မျက်လုံးများမှာ စူးရှနေကာ ၊ ကျုံ့ထားမိသည့် မျက်မှောင်ဟာလည်း ထိုသူ၏ စိတ်တိုင်းမကျမှုအား ပြသနေလေသည်။

ချောက်! ချောက်! ချောက်!

လွှမ်း စာတစ်ကြောင်းကိုပင် ရေးလိုက်၊ ဖျက်လိုက်လုပ်နေသည်မှာ တစ်နာရီခန့်ပင် မကတော့။ သို့သော် စာအရေးအသားနှင့် ဇာတ်အသွားအလာဟာ သူလိုချင်သလိုလည်း ဖြစ်မလာပေ။ ထို့ကြောင့် စိတ်မရှည်မှုအား keyboard ကိုသာ အပြစ်ပုံချကာ အသံမြည်သည်အထိ စာလုံးများကို ဖျက်နေမိသည်။

*ဟား!*

သို့သော် နောက်ဆုံးမှာတော့ သူစိတ်မရှည်တော့။ ဘယ်လိုမှ mood ထည့်လို့မရသည်မို့ သူ လက်ကို keyboard ပေါ်ကနေဖယ်ကာ ခုံကို နောက်သို့ လှန်ချပြီး စိတ်ပျက်စွာ အကြည့်တို့ကို မီးဆိုင်းကြီးရှိရာ မျက်နှာကျက်ပေါ်သို့ ပို့ထားလိုက်လေသည်။

မကြာခင်ကမှ သူ စရေးနေသည့် ဝတ္ထုဟာ ပုံမှန် သူရေးနေကြ drama ဆန်သည့် အချစ်ဇာတ်လမ်းတွေလို မဟုတ်ပေ။ Dark romance ဘက်သွားကာ criminal  ဇာတ်အသွားအလာလေးလည်းပါအောင် ရေးရန် စိတ်ကူးထားခြင်းဖြစ်ပေသည်။ အကြောင်းကတော့ ဤ ဝတ္ထုဟာ ပြည်တွင်းထဲမှာ ဖြန့်ဝေဖို့ထပ် အီတလီမှ သူ၏ သူငယ်ချင်း၏ ထုတ်လုပ်ရေးဘက်ကနေ သူ့အား ရေးပေးပါရန် တောင်းဆိုထားခြင်းကြောင့် ဖြစ်ပေသည်။

Chilli Pepper Where stories live. Discover now