Ch-6

751 44 3
                                    

Warning >>>>>>>>18+

Dr.ခန့်ညား အိမ်ပြန်လမ်းမှာ ဝိုင်အနည်းငယ်ကို ဝင်ဝယ်ခဲ့တာမို့  ကွန်ဒိုသို့ ပြန်ရောက်သည့် အချိန်ဟာ ညနေ ခုနစ်နာရီပင် ကျော်လို့ နေပြီ ဖြစ်လေသည်။  ခုဏက ဟိုကောင်လေးတွေကြောင့် သူ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပေမယ့် ကားမောင်းလာသည့် လမ်းတစ်လျှောက်မှာတော့ အားလုံး စိတ်ထဲက ထုတ်ပစ်လိုက်ပြီ ဖြစ်လေသည်။ သူဟာ ဆရာဝန်တစ်ယောက် မို့လို့ပဲလားမသိ၊ အာရုံပြောင်းမြန်ကာ သူလိုချင်သည့် တစ်စုံတစ်ခုကို စိတ်နှစ်ကာ နေရသည်မှာ သူကျွမ်းကျင်သော အလုပ်ပင် ဖြစ်လေသည်။

ထို့နောက် အိမ်ရောက်တာနှင့် ခဏ ဝိုင်ပုလင်းများကို စားပွဲပေါ်တင်ကာ ဟိုကလေးနှစ်ကောင်ကို ၈ နာရီအပြင် နောက်မကျဖို့ စာပို့လိုက်လေသည်။

ပြီးတာနှင့် သူကတော့ အနားယူသည့် နေ့လေးမှာ သေချာလေး အပန်းဖြေရန် ဝိုင်တစ်ခွက်ကို ငှဲ့ကာ ၊ ငြိမ့်ညောင်းသည့် သံစဉ်လေးတွေကို ပျံ့လွင့်စေရင်း နွေးနေသည့် ရေချိုးကန်ထဲ၌ မျက်လုံးအစုံကိုမှိတ်ကာ ဇိမ်ခံနေလိုက်လေသည်။

ဒူ~ ဒူ~

သူထိုအတိုင်း ရေစိမ်နေတာ ဘယ်လောက်ကြာသွားသလဲ မသိပေ။ ရုတ်တရက် ဘောင်ပေါ်မှာတင်ထားသော ဖုန်းထံမှ တုန်ခါလာမှသာ သူ မျက်စိမှိန်းထားသည်ကို ဖွင့်ကာ ဖုန်းအား လက်ခံလိုက်လေသည်။

*အင်း*

*ကျွန်တော့်ကို ဝင်ခွင့်ပြုပါ ကိုစေ*

*ဝင်လာခဲ့ *

လွှမ်း ကိုစေ့ဆီက ခွင့်ပြုမိန့် ရသည့်အခါ သူ့မှာရှိသည့် အခန်းကဒ်နဲ့ပဲ ကိုယ်တိုင်ဖွင့်ကာ အခန်းထဲ ဝင်လာလိုက်လေတော့သည်။ သို့သော် သူ ဝင်လာလာခြင်း ကိုစေ့အား မတွေ့တာမို့ ဒီချိန်ဆို ရေစိမ်နေလောက်မည်မှန်း သဘောပေါက်လိုက်လေတော့သည်။

သူကတော့ အရင် ရောက်နေတာမို့ အခန်းတွင်း၏ လေထုအား ပို၍ ဆွဲမက်စရာကောင်းစေရန် အမွှေးနံ့ပါသည့် ဖယောင်းတိုင်လေးတွေကို လိုက်ထွန်းကာ မီးရောင်ကိုလည်း ချိန်ညှိနေလိုက်လေသည်။ ကိုစေ ရေချိုးနေတာ သူသိသော်လည်း ခွင့်ပြုချက်မရဘဲ သူ ရေချိုးခန်းထဲ မဝင်သွားရဲပေ။

Chilli Pepper Where stories live. Discover now