Part-23(Unicode)

445 6 0
                                    

Part-23

တဖြည်းဖြည်းလှုပ်ခက်လာသော်မျက်တောင်လေး
ချထားတဲ့ညာဘက်လက်ချောင်းလေးကလှုပ်လာပြိး
ခနအကြာတော့ပြန်ငြိမ်ကျသွားကာ  မျက်ရည်အဝိုင်း
သားနဲ့မျက်ဝန်းလေးကပွင့်လာသည်။

မိုး မြင်လိုက်ရတဲ့မျက်နှာကျက်ဖြူဖြူကြောင့်အံ့အားသင့်
သွားပြိးသူဘာဖြစ်သွားတာလဲဆိုတာပြန်တွေးမိသည်။
လူကြီး အပြင်ဘက်ကိုထွက်သွားတဲ့အချိန် မိုး အိပ်မော
ကျနေခဲ့တယ် ထူးဆန်းတာက အိပ်နေတုန်းဗိုက်ကိုစူး
ကနဲ့ဖြစ်သွားတော့သူလန့်နိုးလာခဲ့တယ် အဒီနောက်
ဘာဆက်ဖြစ်သွားတာလဲဆိုတာ မိုး မမှတ်မိတော့။
တစ်ဖက်ကိုမျက်လုံးကစားကြည့်လိုက်တော့ဘယ်သူမှ
ရှိမနေတာကြောင့်ရှုးချင်စိတ်ပေါက်မိသည်။

"အာ့!"

ရုတိတရက်အောင့်တက်လာတဲ့ဝမ်းဗိုက်ကြောင့်  မိုး
အော်လိုက်မိ၏။ဝမ်းဗိုက်နေရာကိုလက်ချောင်းများက
ရောက်သွားပြိးဝတ်ထားတဲ့အင်္ကျီအဖြူလေးကိုလှန်
လိုက်တော့မြင်လိုက်ရတဲ့ချုပ်ရိုးကြောင်းတစ်ခုကိုကြည့်
ပြိး မိုး ကြောင်နေမိသည်။ဒီအနာကဘယ်တုန်းက  မိုး
ရခဲ့တာလည်းမသိဘူး။

"ငယ်!"

အော်သံကြောင့်ကြည့်လိုက်မိတော့စိုးရိမ်မျက်ဝန်းနဲ့
အတူ မိုး လှဲနေတဲ့ကုတင်ဘေးနားကိုရောက်လာတဲ့
လူကြီး။

"သတိရလာလို့တော်သေးတာပေါ့  ငယ်ရယ်"

နက်မှောင်နေတဲ့ဆံပင်ကောက်ကောက်ကလေးကို
နဖူးထက်ကနေသပ်တင်ပေးရင်း ကုဋေ ပြောလိုက်
တော့ ကလေးငယ်က ကုဋေ ကိုကြောင်ကြည့်နေသည်။
ဆေးရုံဝတ်စုံသည်ကလေးငယ်နဲ့မလိုက်ဖက်စွာ။

"အဟွတ်! အဟွတ်!"

"ငယ် ဖြည်းဖြည်း!"

"အဟွတ်! အာ့!"

"ဘာဖြစ်လို့လဲ! ငယ်!  ဗိုက်နာလို့လား!"

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ လူကြီးကိုကြည့်ပြ်း
မိုး သနားလာမိသည်။လူကြီးကပိန်သွားတယ် မျက်ကွင်းကညိုနေတယ် မအိပ်ဘူးလား  လူကြီးရာ။

"ဟင့်အင်း ငယ်...ဘာမှမဖြစ်ပါဘူး"

ပြုံးပြလာတဲ့ကလေးငယ်ကဟိုးအရင်ကလိုမျက်နှာလေးပြည့်မနေတော့ချောင်ကျလာ၏။ကလေးငယ် လက်ချောင်းလေးတွေက ကုဋေ
ပါးကိုထိဖို့လက်လှမ်းလာတာကြောင့် ကုဋေ
ကလေးငယ်မှီအောင်တိုးပေးလိုက်တော့။

Your love is peacefulWhere stories live. Discover now