Part-15(Unicode)

779 13 0
                                    

Part-15

"ကုဋေ......"

"အကို......"

ခေါ်သံနှစ်ခုကြောင့်သူဘယ်သူကိုထူးရမှန်းမသိဖြစ်သွား
သည်။မျက်လုံးထောင့်ကနေမြင်လိုက်ရတဲ့မျက်နှာလှလှ
လေးဘက်ကိုလှည့်ကြည့်ချင်သော်ငြားသူစိတ်ကတော့
မလှည့်မိပါ။သူငယ်ချင်းမလေးဖြစ်တဲ့နွယ်ဇင်ဘက်ကို
လှည့်ကြည့်လိုက်သည်။

"ပင်ပန်းနေပြိလား?"

"............"

ခင်နွယ်ဇင်အောင်နိုင်သူအပြုံးဖြင့်ပြုံးလိုက်ကာကုဋေနဖူးကချွေးစတွေကိုသုတ်ပေးမည်လက်အလှမ်းတွင်
ကုဋေဘက်ကရှောင်သွားခဲ့သည်။မျက်နှာပျက်မကျ
အောင်ထိန်းလိုက်ရင်းအနောက်တွင်ရပ်နေသည်အ
ခြောက်လိုလိုကောင်ကိုကြည့်လိုက်တော့သူတို့နှစ်
ယောက်ကိုငေးနေသည်။လက်ထဲတွင်ရေသန့်ဘူးတစ်
ဘူးကိုကိုင်ထားသည်။

မွေးနေ့မှာသွေးလှူချင်လာတာကြောင့်အားမနည်းယူ
ကာသွေးလှူခဲ့ရသည်။အပ်တို့ဘာတို့ဆိုရင်သူသည်
သေမလောက်အောင်ကိုကြောက်ပါသည်။
သူနဖူးထံလက်လှမ်းလာသည်နွယ်ဇင်မကြောင့်ရှောင်
လိုက်သည်။အနောက်တွင်ရပ်နေသည်ကောင်လေးကို
တစ်ချက်လှည့်ကြည့်လိုက်တော့သူကိုကျောပေးသွားသည်ကျောပြင်သေးသေးလေးကိုသာမြင်လိုက်ရသည်။

"ဟဲ့...မပြန်တော့ဘူးလား"

ခင်နွယ်ဇင်ပြောလိုက်တော့ကုဋေကသူမကိုခေါင်းခါပြ
လာသည်။ဘယ်သွားမလို့လဲဆိုပြိးမေးလိုက်ချင်ပင်မဲ့
မေးလိုက်ရင်ပို၍ပြသာနာတတ်သွားနိုင်သည်။

"နှင်ပြန်တော့လေ...ညကြမှတွေ့ကြတာပေါ့လေ"

"ဪ...အေးအေး"

ညကြရင်သူငယ်ချင်းတွေဆုံပြိးညစာသွားစားကြမှာမို့
သူပြောလိုက်တော့နွယ်ဇင်မကခေါင်းညိတ်ပြကာ......

"အင်းပါ...သွားတော့မယ်နော်"

"အွန်း...ဂရုစိုက်"

နွယ်ဇင်မထွက်သွားသည်နှင့်သူထို့ကောင်လေး၏
အခန်းကိုသွားတော့
အခန်းရှေ့တွင်သူနာပြုမလေးနှစ်ယောက်ကသူကို
မော့ကြည့်လာကာ......

"အစ်ကို...ဘာလို့အပ်တာလဲရှင့်"

"အစ်ကို...ဘာလို့အပ်တာလဲရှင့်"

Your love is peacefulWhere stories live. Discover now