Part 22 ( final)

2.3K 91 16
                                    

Uni

ဂျောင်ဂုအခု ဒယ်ဂူး ကနေ ပြန်လာကာ ကုမ္မဏီ က ပြဿနာတွေကို ရှင်းနေရသည်။
မာမီ မွှေသွားတာ ကုမ္ပဏီ မှာ အရည်အချင်းမရှိ တဲ့ ထယ်ယောင်းကို blame တဲ့နေရာမှာ တော်တဲ့ သူတွေက ရာထူးမြင့်တွေရပြီး ထယ်ယောင်းကို စကားတစ်ခွန်း မျက်လုံးတစ်ကြည့်နဲ့ပဲ မကြိုက်ကြောင်းပြတဲ့ သူတွေက ကြတော့ ရာထူး အလယ်အလတ်လောက်ရပြီး ထယ်ယောင်းကို ကာကွယ်ပေးသူတိုင်းက အလုပ်ပြုတ်တာ ဒါမှမဟုတ် သန့်ရှင်းရေးရာထူးကို ရသွားကြတာများသည်။

အဲ့ဒါကြောင့်လည်း ရာထူးမတ်တဲ့ သူတွေက ထယ်ယောင်းကိုများများ နှိပ်စက်ပြီး blame ကြသည်။

အဲ့ထဲကမှ အမ်မာဆိုတဲ့ ကောင်မလေးက အဆိုးဆုံးပင် ၊ မာမီက သူ့ကိုဘာတွေလျှောက်ပြောလိုက်လဲ မသိ ကုမ္မဏီ ကိုအုပ်ချုပ်မဲ့သူမရှိတုန်း သူမက CEO ထိုင်တဲ့ခုံမှာ ထိုင်ကာ ကုမ္မဏီ ကို အစားထိုးအုပ်ချုပ်နေပါသည်တဲ့လေ ။
လူကိုကြည့်တော့ အငယ်တန်း စာရေးအဆင့်နဲ့ CEO တတ်လုပ်သည့်သူမ မှာ အရှက်ရောရှိပါသေးရဲ့လား ။

" ကဲပြောစမ်း မင်းကို ငါထိုင်တဲ့ ခုံမှာ ဘယ်သူက ထိုင်ခိုင်းသလဲ ၊ မင်းအဆင့်မင်းသိလား "

အမ်မာဆိုသည့် ကောင်မလေးသည် ဝတ်ကောင်းစားလှတွေဝတ်ပြီး ဂျောင်ဂုမရှိတုန်း ကုမ္ပဏီ ကိုလုပ်ချင်တိုင်းလုပ်ထားသည့်သူမသည် ယခုတော့ မျက်နှာငယ်လေးဖြင့် ဂျောင်ဂု အရှေ့ မတ်တပ်ရပ်နေရလေသည်။

ထိုမြင်ကွင်းကို ထယ်ယောင်းသည် ချစ်ရသူ ၏ ရင်ခွင်ထဲမှာ နေ၍ အောင်နိုင်သူ တစ်ယောက်လို အပြုံးမျိုးဖြင့် ကျေ​ကျေနပ်နပ်ကြီးကို ကြည့်နေလိုက်သည်။

" ထယ် သူလား၊ ထယ့်ကို နှိပ်စက်တာ "

ဂျောင်ဂုသည် ရင်ခွင်ထဲမှ ချစ်ရသူအား ငုံ့ကာ မေးလိုက်သည်။

" ဟင့် ဟုတ်တယ် မောင် ၊ ထယ့်ကို ကော်ဖီအပူတွေ ပတ်ခိုင်းတာ သူပေါ့ ဟင့် ဟင့် "

ထယ်ယောင်းသည် သူမကို တမင်ရွဲ့ချင်တာနဲ့ overting တွေလုပ်ပြ ကာ စကားကို ပုံမှန်ထက် ချွဲနွဲ့ကာ ပြောလိုက်သည်။

" ဟုတ်လား ၊ ထယ့်မျက်နှာလေးပူသွားလားဟင် "

" ဟင့် မောင်ကလည်း ပူတာပေါ့ ၊ ထယ့် မျက်နှာလေး လို နုနု ဖက်ဖက် လေးက အပူဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ ၊ ထယ့်မျက်နှာလေးက သူတို့မျက်နှာလို ကြမ်းထော် နေတာမျိုးမှ မဟုတ်တာ "

Don't go away from me Where stories live. Discover now