Part 6

2.4K 143 8
                                    

Uni

ဂျောင်ဂုသည် ထယ်ယောင်းကို ဆိုင်အပြင်ဘက်သို့ ဆွဲခေါ်လာသည်။

" ဂျောင်ဂု မင်းဘာလုပ်တာလဲ "

" ထယ် မင်းကို မောင်က ကူညီပေးခဲ့တာ ပါ "

" ဒါပေမဲ့.... ဒါပေမဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ် "
ထယ်ယောင်းသည် စိတ်ရှုပ်သွားဟန်ဖြင့် သူ့ရဲ့ဆံပင်တွေကို ဆွဲဖွလိုက်သည်။
ထို့နောက် ဂျောင်ဂု၏အရှေ့မှ ထွက်သွားမယ်အလုပ်မှာဘဲ ဂျောင်ဂုက ထယ်ယောင်းရဲ့ လက်တွေကိုလှမ်းဆွဲထားသည်။

" ထယ် မင်း မောင့်ကို ဒီလိုပဲ စိမ်းကားနေတော့မှာလား ၊ ပြောပါအုံး ၊ မင်းကို ပြန်တွေ့ခဲ့တဲ့ နေ့တုန်းက မောင် ဘယ်လောက်တောင် ပျော်နေလိုက်သလဲ မင်းသိလားအဲ့ဒါတွေ "

ဂျောင်ဂုသည် ထယ်ယောင်းရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ကာ ထယ်ယောင်းနှင့် မျက်လုံးချင်းဆုံ စေကာ ထို စကားကိုပြောသည်။

" မသိဘူး ၊ မသိချင်ဘူး "

ထယ်ယောင်းသည် စိတ်ရှုပ်သွားဟန်ဖြင့် ဂျောင်ဂုနှင့် မျက်လုံးချင်းဆုံထားတာကို တစ်ဖက်သို့အကြည့်လွှဲလိုက်သည်။

" ငါတို့နှစ်ယောက် က အလုပ်ရှင်နဲ့ အလုပ်သမား သာသာပဲ ရှိတယ် ၊ အဲ့ထက်လည်း အဆင့်မပိုဘူး ၊ အတိတ်ကို ပြန်မသွားဘဲ အခု ပစ္စုပ္ပန်မှာ ဘဲ မင်းရဲ့မိသားစုနဲ့ ကောင်းမွန်စွာ နေပါ ဂျောင်ဂုရာ "

ထယ်ယောင်း ထို ကြမ်းတမ်းပါလေသော စကားကို ချစ်ရသူအား ရင်နာနာဖြင့် ပြောလိုက်ရတော့ သူသည် သူ့ကိုယ်သူ အပြစ်တင်မိသည်။

ဂျောင်ဂုသည် မျက်လွှာ ချကာ ဘာမှမပြောတော့ဘဲ တိတ်ဆိတ်လို့နေလေသည်။
ထို့နောက် ထယ်ယောင်း ရဲ့ မျက်နှာကို တဖန် ပြန်ကြည့်ပြီး

" ဟင့်အင်း ထယ် အထင်မှားနေတာ ၊ လွန်ခဲ့တဲ့ ၃နှစ်လောက်က ကိစ္စတွေမှာ ထယ် မသိတာတွေအများကြီးပဲ ၊
မောင် ထယ်နဲ့ တစ်ရက်လောက် စကားပြောချင်တယ် အချိန်ပေးနိုင်မယ်မလား "

ထယ်ယောင်းသည် လက်ခံတယ်လည်း မပြော လက်မခံဘူးလို့လည်း မပြောဘဲ ကျောက်ရုပ်ပမာ တိတ်ဆိတ်စွာ နေလေသည်။

Don't go away from me Where stories live. Discover now